အရသာထိမိတဲ့ ကြာဆံချက်ပူပူလေး

10 ပဲကြာဆံခြောက် ၁၀ ကျပ်သား15 ကြက်ရင်အုံသား ၁၅ ကျပ်သား25 ကြက်ရိုး (ကျောရိုး၊ လည်ပင်း၊ ခေါင်း) ၂၅ ကျပ်သား10 ငါးဖယ် ၁၀ ကျပ်သား8 ငုံးဥ ၈ လုံးကြွက်နားရွက်မှိုခြောက်၊ ပန်းခြောက်၊ အသားတုလုံး၊ ကျောက်ပွင့်၊ ပဲလိပ်ချောင်း မိမိလိုသလောက် အနည်းငယ်စီ10 ကြက်သွန်ဖြူ ၁၀ မွှာ1 ငြုပ်ကောင်းစေ့ လက်ဖက်ရည်ဇွန်း ၁ ဇွန်းစာချင်း လက်တစ်ဆစ်စာခန့်8 ကြက်သွန်နီဥသေး ၈ လုံး2 နုပ်နုပ်စဥ်းထားသော ကြက်သွန်နီ ၂ လုံး2 ခနောကြက်သားမှုန့် လက်ဖက်ရည်ဇွန်း ၂ ဇွန်း1 ဆား လက်ဖက်ရည်ဇွန်း ၁ ဇွန်း1/2 နနွင်းမှုန့် လက်ဖက်ရည်ဇွန်း တဝက်1 ငြုပ်သီးအရောင်တင်မှုန့် လက်ဖက်ရည်ဇွန်း ၁ ဇွန်း2 ငါးငံပြာရည် လက်ဖက်ရည်ဇွန်း ၂ ဇွန်း1 ဆား လက်ဖက်ရည်ဇွန်း ၁ ဇွန်း5 ဆီ ထမင်းစားဇွန်း ၅ ဇွန်း3 ရေ ၃ လီတာ ခန့်

ကြက်ရိုးများကို ပွက်ပွက်ဆူနေသော ရေနွေး ၁ လီတာထဲတွင် အညှီနံ့ နှင့် အညစ်အကြေးများ ထွက်သွားစေရန် အချပ်လိုက် ပါးပါးလှီးထားသော ချင်းအနည်းငယ်၊ ဆားအနည်းငယ်ထည့်ပြီး ၅ မိနစ်ခန့် ပြုတ်ကာ အဆိုပါရေ နှင့် ချင်းဖတ်များကိုပါ သွန်ပေးပါ။ ထို့နောက် ရေသန့်အသစ်ထပ်ထည့်ကာ တစ်ရေပြုတ်ထားသော ကြက်ရိုးများ ၊ ကြက်ရင်အုံသား နှင့် ခနောကြက်သားမှုန့် (လက်ဖက်ရည်ဇွန်း ၁ ဇွန်း)ကို ထည့်ကာ အချိုရည်များ ထွက်လာသည်အထိ ပြုတ်ပေးပါ။အဆင့် 2၁၅ မိနစ်ခန့် ပြုတ်ပြီးနောက် ကြက်ရင်အုံသား ကျက်ပြီဆိုလျှင် ဆယ်ကာ အသားနွှင်ပေးထားပါ။ ပြီးလျှင် ကြက်သွန်နီ ဥများကို အရိုးပြုတ်ရည်ထဲ ထည့်လိုက်ပြီး မီးအေးအေးဖြင့် မိနစ် ၁၅ မိနစ်ခန့် ဆက်ပြုတ်ထားပေးနိုင်ပါသည်။အဆင့် 3မိမိ အသုံးပြုလိုသော ကြွက်နားရွက်မှိုခြောက်၊ ပန်းခြောက်၊ အသားတုလုံး၊ ကျောက်ပွင့်၊ ပဲလိပ်ချောင်း အနည်းငယ်စီကို ရေဖြင့် ပွလာသည်အထိ စိမ်ပြီး အနေတော် အရွယ်အစားများ ဖြတ်ထားပေးပါ။ ပဲကြာဆံများကို ရေအေးဖြင့် ခဏစိမ်ကာ ပျော့လာသည်နှင့် ပြန်ဆယ်ထားပါ။ ငုံးဥများကို ကျက်အောင် ပြုတ်ထားပြီး အခွံချွတ်ထားပေးပါ။အဆင့် 4ငါးဖယ်ကို ဆားအနည်းငယ်ထည့်ကာ စေးပိုင်နေအောင် နယ်ပြီး ဒယ်တစ်ခုထဲတွင် ဆီအနည်းငယ်ပူလာပါက ခပ်သေးသေးအရွယ်များလုပ်ပြီး ထည့်ပါ။ ပြီးနောက် ရေအနည်းငယ်ထည့်ကာ အဖုံးအုပ်ကာ အသားတင်းပြီး ကျက်ရုံကြော်ပြီး ပြန်ဆယ်ထားပါ။ ပြီးလျှင် မိမိလိုသလို အရွယ်အစား လှီးဖြတ်ထားနိုင်ပါသည်။အဆင့် 5ကြာဆံချက် စတင် ပြုလုပ်ရန် ဒယ်အိုးထဲတွင် ဆီပူလာလျှင် နနွင်းမှုန့်၊ နုတ်နုတ်စင်းထားသော ကြက်သွန်နီ၊ ငြုပ်သီးအရောင်တင်မှုန့် နှင့် နွှင်ထားသော ကြက်သားများကို ထည့်ပြီး ဆီသတ်ပေးပါ။အဆင့် 6ပြီးလျှင် ရေစိမ်ထားသော ကြွက်နားရွက်မှိုခြောက်၊ ပန်းခြောက်၊ အသားတုလုံး၊ ကျောက်ပွင့်၊ ပဲလိပ်ချောင်း၊ ပဲကြာဆံ၊ ငုံဥပြုတ် နှင့် အရသာအတွက် ခနောကြက်သားမှုန့် (လက်ဖက်ရည်ဇွန်း ၁ ဇွန်း) နှင့် ငါးငံပြာရည် အနည်းငယ်ကိုပါ ဒယ်ထဲသို့ ထည့်ပြီး သမအောင် အပေါ်အောက် အသာအယာလှန်ကာ အဆာပလာများ အပေါ်ယံတင်းလာသည်အထိ ၅ မိနစ်ခန့် ကြော်ပေးပါ။အဆင့် 7ကြော်ထားသော အဆာပလာများ အားလုံးကို ကြက်ရိုးပြုတ်ရည်အိုးထဲသို့ ထည့်ကာ ၁၀ မိနစ်ခန့် ပွက်ပွက်ဆူအောင် တည်ပေးပါ။အဆင့် 8ပြီးလျှင် ထောင်းထားသော ကြက်သွန်ဖြူနှင့် ငြုပ်ကောင်းစေ့များကို ခပ်ထည့်ပြီး အရသာလိုသလို ဖြည့်စွက်ပြီးနောက် ၅ မိနစ်ခန့် ဆက်တည်ပေးလိုက်ပါက အနံ့အရသာ နှင့် ပြည့်စုံသော ကြာဆံချက်တစ်ပွဲကို ငြုပ်သီးအကျက်မှုန့်၊ နံနံပင်၊ သံပုရာသီး၊ ပါးပါးလှီးထားသော ကြက်သွန်စိမ်းတို့ ဖြင့် မိမိစိတ်ကြိုက် တွဲဖက်ကာ ပူပူနွေးနွေး သုံးဆောင်နိုင်ပြီ ဖြစ်ပါသည်။