သင်္ကြန် မှာ ပြုလုပ်ရမည့်အရာများ….မသိသေးရင်စာလေးကိုအဆုံးထိဖတ်ပေးပါရှင်

🍀 အကြို နေ့မှာ မိမိ နေအိမ်ရှိ ဘုရား ကို ရေသပ္ပါယ်ပါ
ဘုရားစင်ပေါ်ရှိ မလိုအပ် သည့်ပစ္စည်းများနှင့် အမှိူက်
များ ရှင်းလင်းပြီး ဘုရားစင်တခုလုံး ကြည်ညိုစဖွယ်
ဖြစ်အောင်ထားပါ (ထိုနေ့မှာ မေတ္တာသု တ် ရွတ်ပွားပါ)

🍀သင်္ကြန်အကျနေ့မှာ နေအိမ်ဘုရားကို သက်ရှိ ထင်ရှား
ရှိနေသကဲ့သို့ သဘောထားပြီး ဆွမ်း ကပ် ပေးပါ…
ထို့နည်းအတူ မြတ်စွာဘုရားရဲ့ သားတော်များဖြစ်ကြတဲ့
ရဟန်း သံဃာတို့အား ဆွမ်းဂျိုင့်ပို့ခြင်း ဆွမ်းစား ပင့်
ခြင်း စတဲ့ကောင်းမှူ ဒါနများ ပြုလုပ်ပေးပါ
(ထိုနေ့မှာ ရတန သုတ်ရွတ်ပါ)

🍀သင်္ကြန် အကြတ်နေ့မှာ နေအိမ် သို့မဟုတ် လမ်းထဲ
ရပ်ကွက်ထဲရှိ အဖိုးအဖွား များကို ခေါင်းsay မင်္ဂလာ
ပြုပေးခြင်း လက်သည်း ခြေသည်း ညှပ် ပေးခြင်းများ
ပြုလုပ်ပေးပါ…… ထိုနေ့မှာဘဲ မိမိ ကိုယ်တိုင်ကလည်း
ဦး ခေါင်း ဆေး မင်္ဂလာ ပြုလုပ်ပေးပါ
(ps… တရော် ကင်ပွန်းဖြင့်သာ ပြုလုပ်ပေးပါ)
(ထိုနေ့မှာ ဂုဏ်တော်(၉)ပါးရွတ်ပါ)

🍀သင်္ကြန်အတက်နေ့မှာ တတ်နိုင်တဲ့သူကလည်း
စတုဒိသာ အကျွေး အမွေး များ ဖြင့် ကုသိုလ် ယူနိုင်သ
လို မတတ်နိုင်သော သူများ ကလည်း .. သောက်ရေ
သန့် လှူပေးပါ(ထိုနေ့မှာ မဟာသမယသု တ် ရွတ်ပါ)

🍀နှစ်ဆန်း တရက်နေ့ရောက် ရင်တော့ ဥပုသ် သီတင်း
သီလ ဆောက်တည်ပြီး နှစ်သစ်မှာ လူသစ် စိတ်သစ်နဲ့
တရားဘာဝနာပွားများပါ(ထိုနေ့မှာ ပဌာန်းအကျယ်ဖွင့်
ရွတ်ပွားပါ အရပ်၁၀မျက်နှာနဲ့ ၃၁ဘုံ သားတို့အား
မေတ္တာပို့ပါ အမျှ ဝေပါ)

မြန်မာ နှစ်ကူးမှ စ၍ စီးပွားဥစ္စာများ တိုးတက်ကြဖို့ ဆုမွန်ကောင်း တောင်းပေးလိုက်ပါတယ်ရှင်

Credit🙏🏿
ချစ်သောမိုး✡️