ပြည်တွင်းကြက်သွန်နီဈေးပြန်ကောင်းလာ

ထိုင်းနိုင်ငံမှ ငရုတ်နဲ့ ကြက်သွန်နီ အဝယ်လိုက်တာကြောင့် အခုရက်ပိုင်း မြဝတီနယ်စပ်ကုန်သွယ်မှုမှာ အဆိုပါ ကုန်စည် နှစ်မျိုးကို အဓိက တင်ပို့နေရတယ်လို့ မြဝတီကုန်သွယ်ရေးဇုန်မှ သိရပါတယ်။

မြဝတီကုန်သွယ်ရေးဇုန်မှာ စက်တင်ဘာ ၁၂ ရက်မှ ၁၅ ရက်အထိ ကာလအတွင်း ထိုင်းနိုင်ငံသို့ ငရုတ်၊ ကြက်သွန်နီနဲ့ CMP ချုပ်ထည်တွေ အများဆုံး တင်ပို့ခဲ့ရပြီး ကြက်သွန်တန်ချိန် ၁၁၀၀ ခန့်နဲ့ ငရုတ်သီးခြောက် တန်ချိန် ၉၀ ကျော်၊ ငရုတ်သီးစိမ်း(အစို)တန်ချိန် ၄၄၀ ကျော် တင်ပို့ခဲ့တယ်လို့ သိရပါတယ်။