အသင်းလက်မဲ့ဖြစ်နေတဲ့ ဂိုးသမားဒီဂီယာကို ခေါ်ယူဖို့ စိတ်ဝင်စားနေတဲ့ ရီးယဲလ်ဘက်တစ်

လာလီဂါကလပ် ရီးယဲလ်ဘက်တစ်ဟာ စပိန်ဂိုးသမားဒီဂီယာကို ခေါ်ယူဖို့စိတ်ဝင်စားနေကြောင်း သတင်းတွေက ဖော်ပြခဲ့ပါတယ်။ အသက်( ၃၂) နှစ်အရွယ် ဒီဂီယာဟာ မန်ယူအသင်းမှာ ၁၂ နှစ်ကြာကစားခြင်းကို အဆုံးသတ်ထားသူဖြစ်ပါတယ်။

နည်းပြပယ်လီဂရီနီ ကိုင်တွယ်နေတဲ့ ဘက်တစ်ဟာ ဘရာဗိုရဲ့နေရာမှာ ဒီဂီယာနဲ့ အစားထိုးဖို့ စိတ်ဝင်စားနေတာပါ။ ဘရာဗိုဟာ ဒီရာသီမှာ မကစားရသေးဘဲ အနာဂတ်မသေချာသလို ဘက်တစ်ရဲ့ဒုတိယဂိုးသမား ဆေးလ်ဗားကလည်း ဒဏ်ရာရနေပါတယ်။