လားရှိး၌ မိုးသည်းထန်စွာရွာသွန်းမှုကြောင့် အမျိုးသားတစ်ဦးသေဆုံး

ရှမ်းပြည်နယ်၊ လားရှိးမြို့၌ ယနေ့ စက်တင်ဘာ ၁၄ ရက်၊ နံနက် ၂ နာရီ ၄၀ မိနစ်အချိန်ခန့်က မိုးသည်းထန်စွာရွာသွန်းမှုကြောင့် တောင်ခြေရင်းရှိ အမှတ်(၅/၆/၇/၁၂)ရပ်ကွက်များရှိ လူနေအိမ်များအတွင်း တောင်ကျမိုးရေများဝင်ရောက်မှု ဖြစ်ပေါ်ခဲ့ခြင်းကြောင့်၎င်းတို့၏ဆွေမျိုးများနေအိမ်သို့ ရွှေ့ပြောင်းပေးခဲ့ရသည်ဟုဆိုသည်။အဆိုပါ တောင်ကျမိုးရေများဝင်ရောက်မှုကြောင့် ရပ်ကွက်(၅)၊ နယ်မြေ(၁၃) တွင် နေအိမ်အုတ်တံတိုင်းပြိုကျကာ လူနေအိမ်ပေါ်သို့ပိမိပြီး အမျိုးသား ၁ ဦးသေဆုံးခဲ့သဖြင့် လားရှိးလူငယ်ပရဟိတပိုင် သူနာတင်ယာဉ်ဖြင့် လားရှိးပြည်သူ့ဆေးရုံးသို့ပိုဆောင်ပေးခဲ့ကြောင်း သိရသည်။