ပြန်လည်အဆင်ပြေသွားပြီဖြစ်တဲ့ မသက်သက်မာနှင့် ထာဝရဝိန့်စိန် ကံစမ်းမဲပြဿနာ

မသက်သက်မာနှင့် ထာဝရဝိန့်စိန်တို့ တွေ့ဆုံပြီး နှစ်ဦးလုံး အဆင်ပြေပြေညှိနှိုင်းဆွေးနွေးပြီးဖြစ်ကြောင်း ဝိန့်စိန်ကထုတ်ပြန်ထားပါတယ်။

ယင်းထုတ်ပြန်ချက်တွင် ဝိန့်စိန်ဘက်မှ မသက်သက်မာ​၏ နစ်နာခဲ့မှုအပေါ် ငွေပမာဏတစ်ခုဖြင့် နှစ်ဦးသဘောတူ လက်ခံညှိုနှိုင်းခဲ့ပြီး အရာအားလုံးအဆင်ပြေခဲ့ကြောင်းသိရသည်။

ဝိန်စိန်ဘက်မှ ပြောထားသည့်အတိုင်း ကားတစ်စီးကိုလည်း သာသနာအတွက် လှူဒါန်းသွားမည့်အပြင် နောက်ထပ် ကားတစ်စီးကိုလည်း မသက်သက်မာကိုယ်တိုင်မဲနှိုက်ပြီး ကားကံထူးရှင်အသစ်ကို ရွေးချယ်ပေးသွားမည်ဖြစ်ကြောင်းသိရသည်။

၎င်းအပြင် မသက်သက်မာနှင့် ဝိန်စိန် ဖောက်သည်များ​အမည်ဖြင့် ဘုရားတစ်ဆူတည်ပြီး အလှူပြုလုပ်မည်ဖြစ်ကြောင်း သိရသည်။