ကျင်ဒွေးတိုက်ပွဲသတင်း

ဒီဇင်ဘာ ၂၅ ရက်(မနေ့က) ချင်းပြည်နယ် မတူပီမြို့နယ် ကျင်ဒွေးမြို့ ကျင်ဒွေးနယ်မြေရဲစခန်းသို့ နေရာ ၄ နေရာမှ CDF ၃၃၀ ဦးခန့်က လာရောက်ပစ်ခတ်တိုက်ခိုက်ခဲ့သဖြင့် တပ်မတော်ဘက်မှ လေကြောင်းပစ်ကူရယူ၍ ပြန်လည်ပစ်ခတ်ခဲ့ရာ-

CDF ၁၆ ဦးသေဆုံးကာ ၃၀ ကျော်ခန့် ဒဏ်ရာရရှိခဲ့ပြီး ဒဏ်ရာရရှိသူများကို ပြန်လည်သယ်ဆောင်သွားကြောင်း သိရှိရပါတယ်။