မင်္ဂလာရှိသော နံနက်ခင်းလေးပါ

🌱လိုက်ပြိုင် လိုက်ယှဉ်မနေပါနဲ့🌱

ကိုယ့်ဘဝနဲ့ကိုယ်
ဖြစ်လာကြတဲ့ အတွက်ကြောင့်

ကိုယ့်ဘဝနဲ့ကိုယ်
နေတတ်ထိုင်တတ်အောင် နေပါ

ဘယ်သူကိုမှ
မနာလိုမုန်းတီးမှုတွေ မဖြစ်ပါနဲ့

သူတစ်ပါးကို
ယှဉ်ပြိုင်ပြီးလည်း မနေပါနဲ့

နေရာတကာ
လိုက်တုပြီးလည်း မလုပ်ပါနဲ့

ဘာကြောင့်ဆိုရင်
သူ့ဘဝနဲ့ကိုယ့်ဘဝ မတူညီတဲ့
အတွက်ကြောင့်ပါ

မတူညီတာတွေကို လိုက်ပြိုင်
နေမယ်
မတူညီတာတွေကို လိုက်တု
နေမယ်ဆိုရင်
အချိန်ကုန် လူပင်ပန်းတာပဲ
အဖတ်တင်မယ်

တချို့အရာတွေက
ဘယ်လိုပဲ ပြိုင်ပြိုင်
ဘယ်လောက်ပဲ တုတု
ကိုယ့်လုပ်သလို မဖြစ်နိုင်ဘူး

ဒါကြောင့်
ဘဝအကျိုးပေးခြင်းက
တစ်ဦးနဲ့တစ်ဦးမတူညီတဲ့
အတွက်ကြောင့်

တခြားသူတွေဘဝကို
လိုက်ပြိုင် လိုက်တုမနေပါနဲ့

ကိုယ့်ဘဝလေးနဲ့ကိုယ်
ဘဝကို အေးအေးချမ်းချမ်း
နေထိုင်ပါ။

✍️အရှင်ဇဝန (ရွှေကုန်းမြေ)✍️