စုစည်းညီညွတ်သည့်အားကို တည်ဆောက်၍ ဒေသနှင့် တိုင်းပြည်ကို ကာကွယ်စောင့်ရှောက်ကြရမည်

ဒီဇင်ဘာလ ၁၄ ရက် နံနက်ပိုင်းတွင် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က မြောက်ပိုင်းတိုင်းစစ်ဌာနချုပ် ပူတာအို တပ်နယ်မှ အရာရှိ၊ စစ်သည်၊ မိသားစုများအား တပ်နယ်ခန်းမ၌ တွေ့ဆုံ အမှာစကား ပြောကြားခဲ့ပါတယ်။

စုစည်းညီညွတ်သည့် အားကို တည်ဆောက်

အမျိုးသမီးများသည် မိခင်စိတ်ရှိကြပြီး ၎င်း၏မိသားစုကိုကာကွယ်လိုသည့် စိတ် အခြေခံရှိပြီးဖြစ်ကြောင်း၊ အချို့သောဒေသများရှိတပ်ရင်းတပ်ဖွဲ့များသို့ လက်နက်ကိုင် အဖွဲ့များက အလစ်အငိုက် လာရောက်တိုက်ခိုက်ခဲ့ချိန်တွင် တပ်မတော်သားမိသားစုဝင် အမျိုးသမီးများအနေဖြင့် မိမိတို့၏သားသမီးများနှင့် မိမိတပ်ကို မထိခိုက်အောင် ကာကွယ်လိုသည့်စိတ်ဖြင့် လာရောက်တိုက်ခိုက်သူများကို ရွပ်ရွပ်ချွံချွံ ပြန်လည် တိုက်ခိုက်ခဲ့ကြသည်ကို တွေ့မြင်ကြရမည်ဖြစ်ကြောင်း၊ မိခင်စိတ်နှင့် ဖခင်စိတ်ကို ပေါင်းစပ်လိုက်မည်ဆိုပါကမိသားစုတစ်ခုသည် စည်းလုံးညီညွတ်သည့်အားရှိသည့် မိသားစုတစ်ခု ဖြစ်လာမည်ဖြစ်ကြောင်း၊ ပူတာအိုဒေသတွင်လည်း အဆိုပါ စိတ်ဓာတ် များရှိအောင် တည်ဆောက်သွားကြရန်လိုပြီး စုပေါင်းသည့်အားဖြင့် စည်းလုံးညီညွတ် စွာဖြင့် ဆောင်ရွက်ကြရမည်ဖြစ်ကြောင်း။

        ပူတာအိုဒေသသည် အေးမြသည့်ဒေသဖြစ်သဖြင့် ရာသီဥတုနှင့်ကိုက်ညီပြီး မိမိ တို့စားရေးကို အထောက်အကူပြုနိုင်သည့် စားပင်သီးနှံများကိုစိုက်ပျိုးရန်လိုကြောင်း၊ အလားတူ မွေးမြူရေးလုပ်ငန်းများကိုလည်း အောင်မြင်ဖြစ်ထွန်းအောင် တတ်နိုင်သမျှ ဆောင်ရွက်နိုင်သည့် အခြေအနေရှိသောကြောင့် တပ်ဌာနချုပ်များတွင် တာဝန် ထမ်းဆောင်သူများအနေဖြင့် တပ်ပိုင်စိုက်ပျိုးမွေးမြူရေးလုပ်ငန်းများကို အောင်မြင် ဖြစ်ထွန်း အောင်ဆောင်ရွက်ကြရန် လိုကြောင်း၊ တစ်ပိုင်တစ်နိုင်စိုက်ပျိုးမွေးမြူရေး လုပ်ငန်းများကိုလည်း အောင်မြင်ဆောင်ရွက်မည်ဆိုပါက စားရေးအတွက် တစ်ဖက် တစ်လမ်းမှ အထောက်အကူပြုနိုင်မည်ဖြစ်ကြောင်း။

စည်းကမ်းစနစ်တကျရှိပြီး စစ်ရေးအသိ၊ စစ်ရေးသတိ အမြဲရှိရမည်

        တပ်မတော်တွင် စစ်ဦးစီး၊ စစ်ရေး၊ စစ်ထောက်ဆိုင်ရာ ညွှန်ကြားချက်များရှိပြီး ဖြစ်ကြောင်း၊ စည်းကမ်းတကျရှိစေရန်နှင့် စည်းစနစ်ကျနစေရန်အတွက် အမိန့်နှင့် ညွှန်ကြားချက်များ ထုတ်ပြန်ထားရှိခြင်းဖြစ်ကြောင်း၊ စစ်စည်းကမ်းများနှင့်အညီ နေထိုင်ကျင့်ကြံနေထိုင်ရန်လိုအပ်သကဲ့သို့ ကိုယ်ပိုင်အချိန်များတွင်လည်း စည်းကမ်းရှိ စွာဖြင့် လွတ်လပ်စွာ နေထိုင်ရန်ခွင့်ပြုပေးထားကြောင်း၊ ဝတ်စားဆင်ယင်မှုနှင့် ပတ်သက်၍ သတ်မှတ်ဝတ်စုံများဝတ်ဆင်ရာတွင် စနစ်တကျရှိရန်လိုအပ်သကဲ့သို့ အရပ်ဝတ် ဝတ်ဆင်ရာတွင်လည်း သေသပ်မှုရှိရန်လိုကြောင်း၊ စစ်စည်းကမ်း ကောင်း မွန်ပြီး အမိန့်နာခံမှုရှိခြင်းသည် စစ်သည်တစ်ဦးချင်း၏ဘဝအတွက် ကောင်းမွန်သည့် အလေ့အကျင့်တစ်ခုပင်ဖြစ်ကြောင်း၊ မိမိတို့နေ့စဉ်လုပ်ဆောင်နေရသည့် လုပ်ငန်းစဉ် များကို မှန်မှန်ကန်ကန်ဆောင်ရွက်၍ စည်းကမ်း၊ ကျင့်ဝတ်များနှင့်အညီ နေထိုင် လုပ်ကိုင်မည်ဆိုပါက လေ့ကျင့်သားပြည့်ဝပြီး အရည်အသွေးပြည့်ဝသည့် စစ်သည် များ ဖြစ်လာမည်ဖြစ် ကြောင်း။

        စစ်သည်တစ်ဦးချင်းအနေဖြင့် မိမိတို့ကိုင်ဆောင်နေရသည့် လက်နက်များ၊ အသုံး အဆောင်ပစ္စည်းများကို ကျွမ်းကျင်စွာအသုံးချနိုင်ရန်အတွက် အမြဲလေ့ကျင့်နေရန်လို ကြောင်း၊ သို့မှသာ စစ်မြေပြင်တွင် လက်နက်များကိုကျွမ်းကျင်ပိုင်နိုင်စွာဖြင့် ထိရောက် စွာအသုံးပြုနိုင်မည်ဖြစ်ကြောင်း၊ အလားတူ တာဝန်ထမ်းဆောင်ချိန်ကာလများတွင် သတိဖြင့် နေထိုင်လုပ်ကိုင်ဆောင်ရွက်ကြရန်လိုကြောင်း၊ စစ်မြေပြင်၌ အချိန်၊ ရာသီဥတု၊ မြေအနေအထား တို့အပေါ်တွင် မူတည်၍ အလစ်အငိုက်တိုက်ခိုက် ကြခြင်း ဖြစ်သဖြင့် သွားသတိ၊ လာသတိ၊ စားသတိ၊ နေသတိဖြင့် နေထိုင်လုပ်ကိုင်ဆောင်ရွက် ကြရန်လိုကြောင်း။

ပညာရေးအားပေးမြှင့်တင်

ပူတာအိုဒေသသည် ဝေးလံခေါင်ဖျားပြီး ရာသီဥတုအေးမြသည့် ဒေသ ဖြစ်သဖြင့် ကျန်းမာရေးကို အလေးထားနေထိုင်ရန်လိုကြောင်း၊ ကျန်းမာရေးကို အထောက်အကူဖြစ်စေသည့် ကိုယ်လက်လှုပ်ရှားအားကစားများ ဆောင်ရွက်ရန်နှင့် မိမိဘဝအတွက် အကျိုးမရှိသည့် အသောက်အစားနှင့် အပျော်အပါးများကို ဆင်ခြင် တုံတရားဖြင့် ထိန်းသိမ်းနေထိုင်ဆောင်ရွက်ကြရန်လိုကြောင်းဖြင့် မှာကြားပြီး အရာရှိ၊ စစ်သည်၊ မိသားစု များ၏ လိုအပ်ချက်များကို မေးမြန်းခဲ့ပါတယ်။

စားသောက်ဖွယ်ရာများနှင့် ချီးမြှင့်ငွေများ ပေးအပ်

ယင်းနောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ တပ်မတော်ကာကွယ်ရေး ဦးစီးချုပ် က အရာရှိ၊ စစ်သည်၊ မိသားစုများအတွက် စားသောက်ဖွယ်ရာပစ္စည်းများကို ပေးအပ်ရာ တပ်နယ်မှူးက လည်းကောင်း၊ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်၏ဇနီးက တပ်နယ် မိခင်နှင့် ကလေးစောင့်ရှောက် ရေးအသင်းအတွက် ချီးမြှင့်ငွေများကို ပေးအပ်ရာ တပ်နယ်မှူး၏ ဇနီးကလည်းကောင်း အသီးသီး လက်ခံရယူကြပါသည်။

        ထို့နောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ တပ်မတော်ကာကွယ်ရေး ဦးစီးချုပ်နှင့် အဖွဲ့ဝင်များသည် တက်ရောက်လာကြသည့် အရာရှိ၊ စစ်သည်၊ မိသားစု များအား ရင်းရင်းနှီးနှီး လိုက်လံနှုတ်ဆက်ခဲ့ကြောင်း သိရှိရပါတယ်။