ပြည်ပဆန်တင်ပို့ မှုမှ အမေရိကန်ဒေါ်လာ သန်း ၂၀၀ ကျော်ရရှိထား

ယခုဘဏ္ဍာနှစ် ဧပြီလမှ အောက်တိုဘာလအတွင်း ပြည်ပသို့ ဆန်တန်ချိန် ငါးသိန်း ရှစ်သောင်းကျော်တင်ပို့ ခဲ့ပြီး ပို့ ကုန် ဝင်ငွေ အမေရိကန်ဒေါ်လာ ၂၇၁ သန်းရရှိထားကြောင်း မြန်မာနိုင်ငံ ဆန်စပါးအသင်းချုပ်က ထုတ်ပြန်ထားသည့် စာရင်းများအရ သိရသည်။

ဧပြီလတွင် ဆန်တန်ချိန် ရှစ်သောင်းကျော်၊ မေလတွင် ဆန်တန်ချိန် တစ်သိန်းကျော်၊ ဇွန်လတွင် ဆန်တန်ချိန် ခြောက်သောင်းကျော်၊ ဇူလိုင်လတွင် ဆန်တန်ချိန် ငါးသောင်းကျော်၊ ဩဂုတ်လတွင် ဆန်တန်ချိန် ခြောက်သောင်းနီးပါး ၊ စက်တင်ဘာလတွင် ဆန်တန်ချိန် ရှစ်သောင်းကျော်၊ အောက်တိုဘာလတွင် ဆန်တန်ချိန် တစ်သိန်းတစ်သောင်းကျော်တင်ပို့ ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။