စွမ်မိုင်ရပ်ရှိ တိုင်းနေနာရေးကူညီမှုအသင်း ရုံးဖွင့်လှစ်

ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ ကျိုင်းတုံမြို့၊ အမှတ်(၃)ရပ်ကွက်၊ စွမ်မိုင်ရပ်ရှိ တိုင်းနေနာရေးကူညီမှုအသင်းရုံးအသစ်ဖွင့်ပွဲကို ဇန်နဝါရီ ၃၀ ရက်တွင် အဆိုပါရုံး၌ ပြုလုပ်ရာ တြိဂံဒေသတိုင်းစစ်ဌာနချုပ် တိုင်းမှူး ဗိုလ်ချုပ် နီလင်းအောင်နှင့် အဖွဲ့ဝင်များ၊ ဌာနဆိုင်ရာတာဝန်ရှိသူများ၊ ရပ်မိရပ်ဖများ၊ နာရေးကူညီမှုအသင်းသား များ၊ ဖိတ်ကြားထားသူများ တက်ရောက်ကြသည်။