မာရဝိဇယ ဗုဒ္ဓရုပ်ပွားတော်မြတ်ကြီးအား ဖူးမြှော်လေ့လာ

နေပြည်တော်၊ဒက္ခိဏသီရိမြို့နယ်၌ တည်ထားကိုးကွယ်တော်မူထားသည့် မာရဝိဇယ ဗုဒ္ဓရုပ်ပွား တော်မြတ်ကြီးအား နိုင်ငံခြားသားအင်ဂျင်နီယာပညာရှင်များနှင့်မြန်မာနိုင်ငံအင်ဂျင်နီယာကောင်စီမှအဖွဲ့ဝင်များ စက်တင်ဘာ ၁၃ ရက်နံနက်ပိုင်းက ဖူးမြှော်လေ့လာခဲ့ကြသည်။

တရုတ်နိုင်ငံ၊ထိုင်းနိုင်ငံ၊စင်ကာပူနိုင်ငံ၊မလေးရှားနိုင်ငံ၊ကိုရီးယားနိုင်ငံတို့မှ နိုင်ငံခြားသားအင်ဂျင်နီယာပညာရှင် ၂၆ ဦးနှင့်မြန်မာနိုင်ငံအင်ဂျင်နီယာကောင်စီမှအဖွဲ့ဝင် ၅၄ ဦး(စုစုပေါင်း အဖွဲဝင် ၈၀ ဦး)တို့က ဖူးမြှော်လေ့လာခဲ့ကြသည်။