❝AA အကြမ်းဖက်ရန်ကြောင့် နေရပ်စွန့်ခွာနေရသူများအား ဆန်အိတ်များထောက်ပံ့❞

 ရခိုင်ပြည်နယ်၊ ဘူးသီးတောင်မြို့ ရှိ ယာယီခိုလှုရာစခန်း ၃ ခုတွင် ခေတ္တခိုလှုံနေထိုင်လျက်ရှိသည့် အိမ်ထောင်စုဝင် ယာယီနေရပ်စွန့်ခွာသူများအား ဆန်အိတ်များ ထောက်ပံ့ပေးအပ်ခြင်းကို ဧပြီ ၂၂ ရက်၊ နံနက်ပိုင်းက အဆိုပါမြို့ ရှိ အမှတ် (၁) အခြေခံပညာအထက်တန်းကျောင်း၌ပြုလုပ်ခဲ့သည်ဟု သိရသည်။

အဆိုပါ နေရပ်စွန့်ခွာလာရသူများသည် AA အကြမ်းဖက်သောင်းကျန်းသူများက ဧပြီလ ၁၂ ရက်နေ့တွင် ကွန်တိုင်ကျေးရွာ၊ ရွက်ညိုတောင်ကျေးရွာနှင့် ဦးလှဖေကျေးရွာအတွင်းသို့ အကြောင်းမဲ့လက်နက်ကြီးများဖြင့် ပစ်ခတ်ခြင်း၊ မီးရှို့ ခြင်းများ ပြုလုပ်ခဲ့သဖြင့် ရှောင်တိမ်းလာရခြင်းဖြစ်သည်။