ဘုရားစင်သို သွယ်ထားသော ဝါယာကြိုး အပူလွန်၍ အိမ် ၂ လုံးမီးလောင်

ရန်ကုန်တိုင်းဒေသကြီး၊ သာကေတမြို့နယ်၊ အနော်မာရပ်ကွက်၊ အနော်မာ(၁၄)လမ်းတွင် ဧပြီလ ၂၂ ရက် နံနက်၂ နာရီ ၄၁ မိနစ်ခန့်က လျှပ်စစ်မီတာပုံးမှ ဘုရားစင်သို သွယ်တန်းထားသော ဝါယာကြိုး အပူလွန်ကဲရာမှ နေအိမ် ၂ လုံး မီးလောင်မှုဖြစ်ပွားခဲ့သည်။

မီးလောင်မှုကြောင့် အလျား ပေ ၂၀၊ အနံ ပေ ၆၀ ရှိ သွပ်မိုး၊သွပ်ကာ၊ ပျဥ်ခင်း ၁ ထပ်နေအိမ်နှင့် အလျား ၁၀ ပေ၊ အနံ ပေ ၆၀ ရှိ သွပ်မိုး၊ သွပ်ကာ၊ ပျဥ်ခင်း ၂ ထပ်နေအိမ် ၁ လုံး မီးလောင်ဆုံးရှုံး ခဲ့ကြောင်း စစ်ဆေးသူများထံမှ သိရသည်။

မိနစ် ၂၀ ကြာ လောင်ကျွမ်းခဲ့သော မီးလောင်မှုကို မီးငြှိမ်းသတ်ယာဥ် ၅ စီး၊ ရေသယ်ယာဥ် ၂ စီး၊ အထောက်အကူပြုယာဥ် ၁ စီး၊ ရေသယ်ယာဥ် ၁ စီး၊ မီးသတ်တပ်ဖွဲဝင် ၆၀ ကျော်ဖြင့် မီးငြှိမ်းသတ်ခဲ့ကြောင်း သိရသည်။

နေအိမ် ၂ လုံး မီးလောင်ဆုံးရှုးမှုကြောင့် အသက် ၅၆ နှစ်အရွယ် ဦးခင်ဇော်ကို သာကေတမြိုမရဲစခန်းက ပုဒ်မ ၂၈၅ ဖြင့် အမှုဖွင့်ထားသည်။