မြဝတီမြို့တွင်ဖုန်းနှင့်အားသွင်း ပစ္စည်းများအားသွင်းနိုင်သည့် နေရာများ၌ အသုံးပြုသူများပြား

ကရင်ပြည်နယ်၊မြဝတီမြို့တွင် လျှပ်စစ်မီးပြတ်တောက်နေမှုကြောင့် ဖုန်းနှင့်လျှပ်စစ်အားသွင်းအသုံးပြုရသည့် ပစ္စည်းများ
အား အခမဲ့အားသွင်းနိုင်သည့်နေရာများအား တာဝန်ရှိသူများနှင့်စေတနာရှင်များက ဖွင့်လှစ်ပေးထားသည်။
မြဝတီမြိုရှိ မြိုနယ်လျှပ်စစ်ရုံး ရှေ့၊အမှတ်(၄)ရပ်ကွက်အုပ်ချုပ်ရေးမှူးရုံးရှေ့၊ ကြခတ္တောဘုန်းကြီးကျောင်းရှေ့တိုတွင်
အခမဲ့လျှပ်စစ်အားသွင်းနိုင်ရန် စီစဥ်ပေးထားကြောင်း သိရသည်။
“ဖုန်း ပါဝါဘဏ့် လျှပ်စစ်အားသွင်းရတဲ့မီးလုံးတွေပေါ့ အဲဒါတွေအများဆုံးလာသွင်းကြတယ် အားသွင်းနေတဲ့အချိန်က
တော့စောင့်နေရတာပေါ့ လူလည်းများတော့ ခနတဖြုတ်လောက်တော့စောင့်ရတယ် အဆင်ပြေပြေနဲ့တော့အားသွင်းလို့
ရပါတယ်”ဟု မြဝတီမြို့ခံတစ်ဦးကပြောသည်။
လျှပ်စစ်အားလာသွင်းသူများ အရိပ်ရစေရန်နှင့်သက်တောင့်သက်သာဖြစ်စေရန် အမှတ်(၄)ရပ်ကွက်အုပ်ချုပ်ရေးမှူးရုံးမှ
အားသွင်းသည့်နေရာ၌ အမိုးပြုလုပ်ပေးထားကြောင်း သိရသည်။
ပြီးခဲ့သည့်ရက်ပိုင်းအတွင်းက သင်္ဃန်းညီနောင်ရှိ လျှပ်စစ်ဓာတ်အားပေးရုံအား PDF အဖွဲဝင်များက Drone ဖြင့်
ဗုံးဖောက်ခွဲတိုက်ခိုက်ခဲ့သဖြင့် မြဝတီမြို၊ကော့ကရိတ်မြိုနှင့်အနီးဝန်းကျင်တစ်ဝိုက်တွင် လျှပ်စစ်ဓာတ်အားပြတ်တောက်
လျက်ရှိခြင်းဖြစ်သည်။