Boeing 737-400 လေယာဉ်အမျိုးအစား Cargo လေယာဉ် ရန်ကုန်အပြည်ပြည်ဆိုင်ရာ လေဆိပ်သို့ ရောက်ရှိ

မြန်မာအမျိုးသားလေကြောင်း၏ ကုန်ပစ္စည်း သယ်ယူပိုဆောင်ရေး လေကြောင်းခရီးစဉ်များတွင် အသုံးပြုပျံသန်းပြေးဆွဲသွားမည့် Boeing 737-400 လေယာဉ်အမျိုးအစား Cargo လေယာဉ်သည် ရန်ကုန် အပြည်ပြည်ဆိုင်ရာလေဆိပ်သို့ ယနေ့တွင် ရောက်ရှိခဲ့ကြောင်း အဆိုပါလေကြောင်းလိုင်းမှ ထုတ်ပြန်ထားသည်။

နိုင်ငံတော်ပိုင် လေကြောင်းလိုင်းဖြစ်သော မြန်မာအမျိုးသားလေကြောင်းမှ ယနေ့ ၂၀၂၃ ခုနှစ်၊ စက်တင်ဘာလ (၁၅) ရက်တွင် ရန်ကုန်အပြည်ပြည်ဆိုင်ရာ လေဆိပ်၌ Boeing 737-400 လေယာဉ်အမျိုးအစား Cargo လေယာဉ်အား ကြိုဆိုသည့် အခမ်းအနားအား ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။