ကာကွယ်ရေးဦးစီးချုပ်(လေ) ဗိုလ်ချုပ်ကြီး ထွန်းအောင် ထိုင်းဘုရင့်လေတပ်ဦးစီးချုပ်အား ဂုဏ်ပြုတပ်ဖွဲ့ဖြင့်ကြိုဆို

ကာကွယ်ရေးဦးစီးချုပ်(လေ) ဗိုလ်ချုပ်ကြီး ထွန်းအောင်၏ ဖိတ်ကြားချက် အရ မြန်မာနိုင်ငံမှ အိမ်ရှင်အဖြစ် လက်ခံကျင်းပခဲ့သည့် (၂၀) ကြိမ်မြောက် အာဆီယံလေတပ် ဦးစီးချုပ်များ အစည်းအဝေး(20th AACC) သို့ တက်ရောက်ခဲ့သော  ထိုင်းဘုရင့် လေတပ်ဦးစီးချုပ် Air Chief Marshal Alongkorn Vannarot အား ကာကွယ်ရေးဦးစီးချုပ်(လေ)က ယနေ့နံနက်ပိုင်းတွင် နေပြည်တော်ရှိ ဘုရင့်နောင် ရိပ်သာ၌ ဂုဏ်ပြုတပ်ဖွဲ့ဖြင့် ကြိုဆိုသည်။

တွေ့ဆုံရာတွင် မြန်မာ-ထိုင်း နှစ်နိုင်ငံချစ်ကြည်ရင်းနှီးရေးခရီးစဉ် အပြန်အလှန် လည်ပတ်ရေးဆိုင်ရာ ကိစ္စရပ်များ၊ သင်တန်းသား စေလွှတ်ရေးဆိုင်ရာ ကိစ္စရပ်များ၊ နှစ်နိုင်ငံလေတပ် နှစ်ရပ်အကြား ဆက်ဆံရေးပိုမိုတိုးတက်ကောင်းမွန်စေရေးဆိုင်ရာ ကိစ္စရပ်များ၊ သဘာဝဘေးအန္တရာယ်များကြုံတွေ့ရချိန် ကူညီကယ်ဆယ်ရေးဆိုင်ရာ ကိစ္စရပ်များ၊ နည်းပညာအချက်အလက် ဖလှယ်ရေးဆိုင်ရာ ကိစ္စရပ်များနှင့် လူသားချင်း စာနာထောက်ထားမှုဆိုင်ရာ ကူညီကယ်ဆယ်ရေးလုပ်ငန်းစဉ်(Humanitarian Assistance and Disaster Relief-HADR) ဆိုင်ရာ ကိစ္စရပ်များကို ရင်းနှီးပွင့်လင်းစွာ ဆွေးနွေးကြတယ်လို့ သိရပါတယ်။