ဖေဖော်ဝါရီလ ၁၅ ရက်နေ့ပေါက်ကွဲမှုသတင်းများ

-ဖေဖော်ဝါရီလ ၁၄ ရက် ၀၉၄၅ နာရီတွင် ရေးမြို့၊ သီရိနန္ဒာရပ်ကွက်၊ အဏ္ဏဝါရပ်ရှိ ရာမညဝန်ထမ်းအိမ်ရာသို့ PDF အကြမ်းဖက် အဖွဲ့မှ ဒရုန်း ၁ စင်းဖြင့် Drop Bomb ၁ လုံး လာရောက်ပစ်ချတိုက်ခိုက်ခဲ့ရာ ရာမညဝန်ထမ်းအိမ်ရာရှိ ၄ ခန်းတွဲ ၄ ထပ်ဆောင် အဆောက်အဦခေါင်မိုးပေါ်သို့ ကျရောက်ပေါက်ကွဲခဲ့ပြီး အမိုးသွပ် ၅ ချပ် ပျက်စီးခဲ့။

-ဖေဖော်ဝါရီလ ၁၄ ရက် ၁၈၂၅ နာရီတွင် မုဒုံမြို့၊ မြို့မ (၁) ရပ်ကွက်၊ ရှင်စောပုလမ်းထိပ်အနီးသို့ PDF အကြမ်းဖက်အဖွဲ့ မှ ဒရုန်း ၁ စင်းဖြင့် Drop Bomb ၁ လုံးအား ကျိုက်မရောမြို့နယ်၊ ဥတိုချောင်းကျေးရွာဘက်မှ လာရောက် ပစ်ချတိုက်ခိုက်ခဲ့ရာပြီး ကျရောက်ပေါက်ကွဲမှုကြောင့် လူ/အဆောက်အဦ ထိခိုက်ပျက်စီးမှုမရှိကြောင်း သိရှိရ။