ဒေါ်အောင်ဆန်းစုကြည်‌နဲ့ ဦးအောင်ဆန်းဦးတို့ရဲ့ အမွေဆိုင်အိမ်ကို လေလံတင်မည်

ဒေါ်အောင်ဆန်းစုကြည်‌နဲ့ ဦးအောင်ဆန်းဦးတို့ရဲ့ ရန်ကုန်မြို့၊ တက္ကသိုလ်ရိပ်သာလမ်းက ခြံနံပါတ် ၅၄ အမွေဆိုင်နေအိမ်ကို ငွေကျပ် ဘီလီယံ ၃၀၀ ကျော်နဲ့ လေလံတင်ရောင်းချဖို့ ကမာရွတ်ခရိုင်တရားရုံးက ဒီကနေ့ ဇန်နဝါရီ ၂၅ ရက်မှာ အမိန့်ချလိုက်တယ်လို့ သိရပါတယ်။

အဲဒီလေလံတင်ရောင်းချမှုကို ယခုနှစ် မတ်လ ၂၀ ရက်နေ့မှာ ၎င်းနေအိမ်ရှေ့မှာပဲ ပြုလုပ်ဖို့ ဆုံးဖြတ်ချက်ချခဲ့တာဖြစ်ပြီး လေလံတင်ရောင်းချမယ့် ကြမ်းခင်းဈေးကို ငွေကျပ်သိန်းပေါင်း ၃ သန်း ၁ သိန်း ၅ သောင်းကျပ် (ကျပ်ငွေ ၃၁၅ ဘီလျံ) သတ်မှတ်ထားတယ်လို့ ဆိုပါတယ်။ #Crd