အကျဉ်းထောင်အသီးသီးမှ အကျဉ်းသား ၇၇၀၀ ကျော် လွတ်ငြိမ်းချမ်းသာခွင့်ပြု

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ အစိုးရက ယနေ့ ကျရောက်သော ဓမ္မစင်္ကြာအခါတော်နေ့ မာရဝိဇယဗုဒ္ဓရုပ်ပွားတော်မြတ်ကြီး ဗုဒ္ဓဘိသေကအနေကစာတင်လှူပူဇော်သောနေ့တွင် နိုင်ငံတဝှမ်း အကျဉ်းထောင်အသီးသီးမှ အကျဉ်းသား/သူ ၇၇၄၉ ဦးကို အကျဉ်းထောင်အသီးသီးမှ ပြစ်ဒဏ်များလျှော့ပေါ့၍ လွတ်ငြိမ်းချမ်းသာခွင့် ပြုလိုက်သည်။
ထိုအတူ ဒေါ်အောင်ဆန်းစုကြည်နှင့် ဦးဝင်းမြင့်တို့ကိုလည်း လွတ်ငြိမ်းသက်သာခွင့်ပြုသော အမိန့်များ ထုတ်ပြန်ထားသည်။
ပြစ်ဒဏ်ကျခံနေရသော တိုင်းရင်းသားလက်နက်ကိုင်တပ်ဖွဲ့ဝင်များ၊ ပြစ်ဒဏ်ကျခံရခြင်းမရှိသေးသော တိုင်းရင်းသားလက်နက်ကိုင်တပ်ဖွဲ့ဝင်တွေကိုလည်း လွတ်ငြိမ်းချမ်းသာခွင့်ပြုခဲ့သည်။
နိုင်ငံခြားသား ၁၂၅ ဦးကို လွတ်ငြိမ်းချမ်းသာခွင့်ပြုခဲ့ပြီး သေဒဏ်ကျခံနေရသူများကိုလည်း ထောင်တစ်သက့် ပြောင်းလဲကျခံစေရန် အမိန့်ထုတ်ပြန်ထားသည်။