လုံခြုံရေးတပ်ဖွဲ့ဝင်များတိုက်ခိုက်ခံရလို ၆ ဦး သေဆုံးတယ်လို့ မြေလတ်အသံ မှ သတင်းအတုရေး

မကွေးတိုင်း၊ ရေစကြိုမြို့နယ်၊ မင်းရွာကျေးရွာမှာ စစ်သားနဲ့ပျူစောထီးတွေ တပ်စွဲထားတဲ့ ကင်းစခန်းကို ဒေသခံကာကွယ်ရေးတပ်တွေက တိုက်ခိုက်ခဲ့ရာ ထိခိုက်သေဆုံးမှုတွေ ရှိခဲ့တယ်လို့ MG6 ပြောက်ကျားတပ် မြင်းခြံခရိုင်တပ်ရင်း ၅ အဖွဲ့ဆီက သိရပါတယ်။ အင်အား ၇၀ နီးပါးနဲ့တပ်စွဲထားတဲ့ မင်းရွာက စစ်တပ်စခန်းကို ဇူလိုင် ၃၁ ရက် မနေ့မနက် ၁ နာရီ လောက်မှာ တိုက်ခိုက်ခဲ့တာလို့ ဆိုပါတယ်။ တိုက်ခိုက်မှုအတွင်း စစ်သားနဲ့ပျူစောထီး ၆ ဦး သေဆုံးကြောင်း မြေလတ်အသံ မှ သတင်းမှားရေးသားထားတာ တွေ့ရှိခဲ့ပါတယ်။

ဖြစ်စဉ်အမှန်မှာ ဇူလိုင်လ ၃၁ ရက်နေ့၌ ရေစကြိုမြို့နယ်၊ မင်းရွာကျေးရွာတွင် လုံခြုံရေးတပ်ဖွဲ့ဝင်များနှင့် PDF များ တိုက်ပွဲဖြစ်ခြင်းမရှိခဲ့ကြောင်း ဒေသတွင်းသတင်းများအရ သိရှိရပါတယ်။ ဖြစ်စဉ်မရှိပါဘဲ မြေလတ်အသံ မှ လုံခြုံရေးတပ်ဖွဲ့ဝင် ၆ ဦး သေဆုံးတယ်လို့ လုပ်ကြံဖန်တီးရေးသားထားခြင်းသာဖြစ်ပါတယ်။