ကျေးရွာ ၂ ရွာက အိမ် ၂၃ လုံးကို စစ်တပ်ကမီးရှို့တယ်လို့ မြေလတ်အသံက သတင်းအတုရေး

စစ်ကိုင်းတိုင်း၊ ထီးချိုင့်မြို့နယ်အတွင်းရှိ ကျေးရွာ၂ ရွာကို စစ်တပ်က ဇူလိုင် ၁၃ ရက်ည ၇ နာရီကျော်မှာ မီးရှို့ခဲ့တာကြောင့် လူနေ အိမ် ၂၃ လုံး ပြာကျပျက်စီးသွားခဲ့တယ်လို့ “အိမ်ခြေ ၂၀၀ ခန့်စီရှိကြတဲ့ ချိတ်သင်ရွာနဲ့ ရွာသစ်ကုန်း ကျေးရွာတို့ကို အင်အား ၁၀၀ ကျော်ရှိ စစ်သားတွေက မီးရှို့ခဲ့တာကြောင့် ချိတ်သင်ရွာက နေအိမ် ၁၇ လုံးနဲ့ ရွာသစ်ကုန်း ရွာက ၆ လုံးတို့ ပျက်စီးခဲ့တာဖြစ်ပါတယ်” မြေလတ်အသံ မှ ရေးသားထားတာတွေ့ရှိခဲ့ပါတယ်။

ဖြစ်စဉ်အမှန်မှာ ဇူလိုင်လ ၁၃ ရက်နေ့တွင် စစ်ကိုင်းတိုင်း၊ ထီးချိုင့်မြို့နယ်အတွင်းရှိ ချိတ်သင်ရွာနဲ့ ရွာသစ်ကုန်း ကျေးရွာတို့ကိုစစ်တပ်က မီးရှို့ခဲ့ခြင်းမရှိသလို မီးလောင်ပျက်စီးခဲ့ခြင်းမရှိကြောင်း ဒေသတွင်းသတင်းပေးချက်များအရသိရှိရပါတယ်။ မြေလတ်အသံမှ ဖြစ်စဉ်မရှိဘဲ PDF များလုပ်တဲ့ပုံစံအတိုင်း စိတ်ကူးပုံဖော်ပြီး တပ်မတော်ကိုအပုတ်ချကာ လုပ်ကြံရေးသားထားခြင်းသာဖြစ်ပါတယ်။

FakeNews

FACT-CHECK