လုံခြုံရေးတပ်ဖွဲ့များ ဒရုန်းဖြင့် တိုက်ခိုက်ခံရ၍ ၂ ဦးသေဆုံးတယ်လို့ Khit Thit မှ သတင်းအမှားရေး

ဇူလိုင်လ ၂၆ ရက်နေ့ တနင်္သာရီတိုင်း၊ သရက်ချောင်းမြို့နယ်၊ ရငဲရွာ မြွေတောင်၌တပ်စွဲထားသော စစ်တပ်ကို ပစ်ခတ်တိုက်ခိုက်ရာ စစ်သား ၂ ဦးသေဆုံးခဲ့ကြောင်း Khit Thit မှ ရေးသားထားတာ တွေ့ရှိခဲ့ပါတယ်။

ဖြစ်စဉ်အမှန်မှာ ဇူလိုင် ၂၆ ရက်နေ့၌ တနင်္သာရီတိုင်း၊ သရက်ချောင်းမြို့နယ်၊ ရငဲရွာ အနီးတွင် လုံခြုံရေးတပ်ဖွဲ့ဝင်များအား PDF များက ဒရုန်းဖြင့် ဗုံးသီးချတိုက်ခိုက်သော်လည်း ထိခိုက်မှုမရှိခဲ့ကြောင်း ဒေသတွင်းသတင်းများအရ သိရှိရပါတယ်။ ဖြစ်စဉ်အမှန်မရေးသားဘဲ ဒရုန်းဖြင့် တိုက်ခိုက်ခံရလို့ လုံခြုံရေးတပ်ဖွဲ့ဝင် ၂ ဦး သေဆုံးတယ်ဆိုပြီး Khit Thit မှ လူထင်ကြီးအောင် လိမ်ညာရေးသားထားခြင်းသာဖြစ်ပါတယ်။

Disinformation

FactCheck