လုံခြုံရေးတပ်ဖွဲ့များက ပြည်သူ ၃၀ ကျော်ကို ဖမ်းဆီးတယ်လို့ Khit Thit မှ သတင်းအတုရေး

ဇူလိုင်လ ၂၇ ရက် နံနက် ၅ နာရီခန့်တွင် အင်အား ၁၅၀ နီးပါးပါရှိသည့် စစ်သားများ လိုက်ပါလာသော မြေတင်ကား ၅ စီးသည် တနင်္သာရီတိုင်း၊ ရေဖြူမြို့နယ်၊ ခေါင်ပြန်ကျေးရွာနှင့်ဒိုက်တဂေါ် ကျေးရွာအတွင်း စစ်ကြောင်းထိုးဝင်ရောက်လာပြီး ဒေသပြည်သူ ၃၀ ကျော်ကို လူသားဒိုင်းအဖြစ် ဖမ်းဆီးခေါ်ဆောင်သွားကြောင်း Khit Thit မှ သတင်းမှားရေးသားထားတာ တွေ့ရှိခဲ့ပါတယ်။

ဖြစ်စဉ်အမှန်မှာ ဇူလိုင် ၂၇ ရက်နေ့၌ တနင်္သာရီတိုင်း၊ ရေဖြူမြို့နယ်၊ ခေါင်ပြန်ကျေးရွာနှင့် ဒိုက်တဂေါ်ကျေးရွာများတွင်လုံခြုံရေးတပ်ဖွဲ့ဝင်များက နယ်မြေလုံခြုံရေးဆောင်ရွက်ခြင်းသာ ဖြစ်ပြီး ဒေသခံများအား ဖမ်းဆီးခြင်းများမရှိခဲ့ကြောင်း ဒေသတွင်းသတင်းများအရ သိရှိရပါတယ်။ ဖြစ်စဉ်မရှိဘဲ လုံခြုံရေးတပ်ဖွဲ့ဝင်များအား အထင်အမြင်လွဲမှားပြီး အများပြည်သူများ မုန်းတီးစေရန် ရည်ရွယ်ကာ Khit Thit မှ လုပ်ကြံဖန်တီးရေးသားထားခြင်းသာဖြစ်ပါတယ်။

FakeNews

FactCheck