ကြာအင်းဆိပ်ကြီးမှာ လုံခြုံရေးတပ်ဖွဲ့ဝင် ၅ ဦးသေဆုံးတယ်လို့ Mizzima မှ သတင်းအမှားရေး

ကရင်ပြည်နယ်၊ ကြာအင်းဆိပ်ကြီးမြို့ပေါ်ရှိ ရဲစခန်း၊ ထွေအုပ်ရုံး၊ မြေစာရင်းရုံးနှင့် ခုတ်ခွား ရှေ့တန်းစခန်းတို့ကို ကာကွယ်ရေးပူးပေါင်း တပ်ဖွဲ့ကပစ်ခတ်တိုက်ခိုက်မှုများပြုလုပ်ခဲ့သည်ဟု အထူးစစ်ဆင်ရေးတပ်ဖွဲ့(S.O.F)တာဝန်ရှိသူထံမှ သိရသည်။ ဇူလိုင်လ ၁၁ ရက်မှစတင် ကာ ဇူလိုင်လ ၁၆ ရက်နေ့အထိ ခြောက်ရက်တာအတွင်း ဒရုန်းဖြင့်တိုက်ခိုက်ခြင်းနှင့် မြေပြင်တိုက်ခိုက်ခြင်းများကို ပြုလုပ်ခဲ့ခြင်းဖြစ်သည်ဟုဆိုသည်။ အဆိုပါထိတွေ့တိုက်ပွဲ၌ တပ်သား ငါးဦး သေဆုံးပြီး ၎င်းတို့ကို တိုက်ပွဲဖြစ်ပွားသည့် မက်ကတော်ကျေးရွာအနီးတွင် မြေမြှုပ်သွားခဲ့သည်ကိုတွေ့ရသည်ဟု Mizzima မှ ရေးသားထားတာတွေ့ရှိခဲ့ပါတယ်။

ဖြစ်စဉ်အမှန်မှာ ကရင်ပြည်နယ်၊ ကြာအင်းဆိပ်ကြီးမြို့ပေါ်ရှိ ရဲစခန်း၊ ထွေအုပ်ရုံး၊ မြေစာရင်းရုံးနှင့် ခုတ်ခွား ရှေ့တန်းစခန်းတွင် စကစတပ်ဖွဲ့ဝင်များနှင့် PDF များတိုက်ပွဲဖြစ်ပွားခဲ့ပြီး လုံခြုံရေးတပ်ဖွဲ့ဝင် ၂ ဦးကျဆုံးခဲ့ကြောင်း ဒေသတွင်းသတင်းပေးချက်များအရသိရှိရပါတယ်။ Mizzima မှ ဖြစ်စဉ်အမှန်မရေးဘဲ PDF ဂုဏ်ဖော်ပြီး ၆ ရက်တာ ဒရုန်းဖြင့်တိုက်၊ မြေပြင်မှာတိုက်တာ လုံခြုံရေးတပ်ဖွဲ့ဝင် ၅ ဦးသေဆုံးတယ်လို့ သတင်းအမြတ်ထုတ်ကာ လုပ်ကြံရေးသားထားခြင်းသာဖြစ်ပါတယ်။

Misinformation

FACT-CHECK