ရေဘေးသင့်ပြည်သူများအတွက် သီတဂူဆန်အလှူတော်

အဘိဓဇမဟာရဋ္ဌဂုရု သောဠသမရွှေကျင်သာသနာပိုင် သီတဂူအဓိပတိဆရာတော်ဘုရားကြီးက ရခိုင်ပြည်နယ်တွင် တိုက်ခတ်သွားသော မိုခါမုန်တိုင်းကြောင့်ဒုက္ခရောက်သွားသော လေဘေးသင့်ပြည်သူများအတွက် ၂၃.၅.၂၀၂၃ ရက်နေ့ နေ့လည် ၂:၀၀ နာရီ၊ ဒဂုံဆိပ်ကမ်းတွင် ဆန်တစ်တင်းခွဲအိတ် အိတ်ပေါင်း(၁၀၀၀)ကို လှူဒါန်းခဲ့ပါသည်။

ဤကောင်းမှုကြောင့်
ကမ္ဘာသူ၊ ကမ္ဘာသားအားလုံး

သီတဂူစန်းလပမာ ချမ်းမြသာယာရှိကြပါစေ။သူတော်ကောင်းတရားနေရာတိုင်းမှာ ထွန်းတောက်ပါစေ။
ကိုဗစ်-၁၉ရောဂါအမြန်ဆုံးကင်းဝေးကြပါစေ…မြန်မာပြည်အမြန်ဆုံးငြိမ်းချမ်းပါစေ