မင်္ဂလာရှိသော မနက်ခင်းလေးပါရှင်

ဒါတွေရှိမှ အဆင်ပြေမှာပါ

စိတ်ကောင်းတွေသာရှိရင်
မိတ်ကောင်းပေါများပါစေလို့
ဆုတောင်းစရာမလိုပါဘူး ။

မှန်ကန်တဲ့ကြိုးစားမှုတွေသာရှိရင်
အောင်မြင်ပါစေလို့လည်း
ဆုတောင်း နေစရာမလိုပါဘူး ။

မေတ္တာနဲ့သာ နေတတ်မယ်ဆိုရင်
ဘ၀တွေအေးမြပါစေလို့လည်း
ဆုတောင်းနေစရာမလိုပါဘူး ။

မိမိနေထိုင်ရာပတ်၀န်းကျင်ကို
ကုသိုလ်မေတ္တာတွေအမြဲပေးရင်

မမြင်အပ်တဲ့သူတွေဟာ
ကိုယ့်ကိုကူညီစောင့်ရှောက်ပေးမှာပါ ။

ပြည့်စုံအေးချမ်းမှုတွေရဖို့
ဘယ်သူမှ ပြုပေးနိုင်စွမ်းမရှိပါဘူး ။

ကိုယ့်စေတနာကောင်းနေလို့သာ
ကံကောင်းခြင်းတွေ ရနေကြတာပါ ။

ကုသိုလ်အရှိန်တွေ ရှိနေလို့သာ
အဆင်ပြေခြင်းတွေ ရှိနေကြတာပါ ။

🙏🙏🙏 သာရ ဂ ဝေ သီ🙏🙏🙏