Drop ဗုံးချတိုက်ခိုက်လို့ လုံခြုံရေးတပ်ဖွဲ့ဝင်၆ ဦးဒဏ်ရာရတယ်လို့ မြေလတ်အသံမှ သတင်းအမှားရေး

စစ်ကိုင်းတိုင်း၊ ရေဦးမြို့၊ တိုင်းရင်းဆေးရုံမှာ တပ်စွဲထားတဲ့ လုံခြုံရေးတပ်ဖွဲ့ကို ဇူလိုင် ၁၅ ရက် ဒီနေ့ နေ့လယ် ၁ နာရီ လောက်မှာ တပ်ဖွဲ့က Drone ဗုံးသီး ၆ လုံးနဲ့ ကြဲချတိုက်ခိုက်ခဲ့လို့ စစ်သား ၆ ဦး ထိခိုက်ဒဏ်ရာရသွားတယ်လို့ မြေလတ်အသံ မှ ရေးသားထားတာတွေ့ရှိခဲ့ပါတယ်။

ဖြစ်စဉ်အမှန်မှာ ဇူလိုင်လ ၁၅ ရက်နေ့တွင် စစ်ကိုင်းတိုင်း၊ ရေဦးမြို့၊ တိုင်းရင်းဆေးရုံမှာ တပ်စွဲထားတဲ့ လုံခြုံရေးတပ်ဖွဲ့ကို PDF များက ဒရုန်းဗုံးသီးကြဲချတိုက်ခိုက်ရာ ဆေးရုံးအနီးတွင်ကျရောက်ပေါက်ကွဲခဲ့ပြီး လုံခြုံရေးတပ်ဖွဲ့ဝင်များ ထိခိုက်ဒဏ်ရာရရှိခဲ့ခြင်းမရှိကြောင်း ဒေသတွင်းသတင်းပေးချက်များအရ သိရှိရပါတယ်။ မြေလတ်အသံ မှ ဖြစ်စဉ်အမှန်မရေးဘဲ လုံခြုံရေးတပ်ဖွဲ့ဝင်များကို တမင်အပုတ်ချကာ တပ်ဖွဲ့ဝင် ၆ ဦးဒဏ်ရာရတယ်လို့ အများအထင်လွဲမှားအောင် PDF ဂုဏ်ဖော်ပြီးလုပ်ကြံရေးသားထားခြင်းသာဖြစ်ပါတယ်။

Misinformation

FACT-CHECK