ပခုက္ကူမြို့နယ်မှာ လုံခြုံရေးပွိုင့်ကားမိုင်းဆွဲခံရတယ်ဆိုတဲ့သတင်းအမှား

ပခုက္ကူမြို့ကနေ ပန်းတိုင်ခြံရွာဘက်ကိုသွားတဲ့ တပ်မတော်လုံခြုံရေး ပွိုင့်ကား ၁ စီးကို သြဂုတ် ၂၉ ရက်နေ့ နေ့လယ်က ပွိုင့် ၂ ပွိုင့်ကြား အရောက်မှာ မိုင်းဆွဲတိုက်ခိုက်ခဲ့ကြောင်းနဲ့ အဲဒီပွိုင့်ကားပေါ်မှာ တပ်မတော်သား ၆ ယောက်လောက် မတ်တတ်ရပ်လိုက်လာတာ ဖြစ်ပြီး တိုက်ခိုက်မှုအတွင်းမှာ ၃ ယောက် သေဆုံးခဲ့တယ်လို့ DVB မှ ရေးသားထားတာတွေ့ရှိခဲ့ပါတယ်။

ဖြစ်စဉ်အမှန်မှာ သြဂုတ်လ ၂၉ ရက်နေ့၌ ပခုက္ကူမြို့နယ် ပန်းတိုင်ခြံရွာအနီးတွင် လုံခြုံရေးတပ်ဖွဲဝင်များနှင့် PDF များ တိုက်ပွဲဖြစ်ပွားခြင်းမရှိခဲ့ကြောင်း ဒေသတွင်းသတင်းများအရ သိရှိခဲ့ရပါတယ်။ ဖြစ်စဉ်မရှိဘဲ DVB မှ လုံခြုံရေးတပ်ဖွဲ့ဝင် ၃ ဦး သေဆုံးတယ်ဆိုပြီး မဟုတ်မဟတ်တာတွေ လုပ်ဇာတ်ဆင်ကာ ရေးသားထားခြင်းသာ ဖြစ်ပါတယ်။