ဒေသခံတွေကို စစ်တပ်က ဖမ်းဆီးပေါ်တာဆွဲခဲ့တယ်လို့ Ayeyarwaddy မှ သတင်းအမှားရေး

ကျုံပျော်မြို့နယ်၊ အင်းရဲတိုက်နယ်ကျေးရွာ၌ဒေသခံလူငယ် (၂၀) ဦးကို စစ်တပ်နှင့်ရပ်ကျေးအုပ်ချုပ်ရေးအဖွဲ့မှဖမ်းဆီး၍ပေါ်တာဆွဲပြုလုပ်ခဲ့ကာပြီးခဲ့သည့် ဇူလိုင်လ ၁၈ ရက်နေ့ ကစပြီး ခလရ(၃၆)တပ်အတွင်း၌စစ်သင်တန်းပေးစေခိုင်းနေကြောင်း Ayeyarwaddy မှရေးသားထားတာတွေ့ရှိခဲ့ပါတယ်။

ဖြစ်စဉ်အမှန်မှာ ဇူလိုင် ၁၈ ရက်နေ့ ကျုံပျော်မြို့နယ်၊ ခလရ(၃၆)တွင် ပြည်သူ့စစ်များအား တိုင်းမှူးမှ ထောက်ပံ့ပစ္စည်းပေးအပ်ခြင်းဖြစ်ပြီး ဒေသခံများအား စစ်တပ်က ဖမ်းဆီးပြီး တပ်တွင်း၌ စစ်သင်တန်းပေးစေခိုင်းခြင်းမရှိကြောင်းနှင့် ခလရ(၃၆)အတွင်း စစ်သင်တန်းတက်ရောက်နေသော ဒေသခံများသည် မိမိသဘောဆန္ဒအလျောက် ပြည်သူ့စစ်အဖွဲ့ဝင်များဖြစ်ကြောင်း ဒေသတွင်းသတင်းပေးချက်များအရသိရှိရပါတယ်။ Ayeyarwaddy မှ ဖြစ်စဉ်အမှန်မရေးဘဲ စစ်တပ်ကပေါ်တာဆွဲပြီးအတင်းစေခိုင်းနေတယ်ဆိုပြီး ရည်ရွယ်ချက်ရှိရှိ တပ်မတော်ကို အများအထင်လွဲမှားအောင် လုပ်ကြံရေးသားထားခြင်းဖြစ်ပါသည်။

Disinformation

FACT-CHECK