ဇူလိုင်လ ၂၅ ရက်နေ့ မှုခင်းသတင်းများ

-ဇူလိုင်လ ၂၄ ရက်နေ့ ၁၅၃၀ နာရီချိန်တွင် မြဝတီမြို့နယ်ဦ မေတ္တာလင်းမြိုင်ကျေးရွာတွင် နေထိုင်သော မောင်ထွန်းဝေလင်း(၁၆) နှစ်သည် အစ်မဖြစ်သူ ဒေါ်ကေသီခိုင်(၄၃) နှစ်သည် အဘွားအိမ်သို့ထွက်ခွာလာခဲ့ရာ လက်ခတ်တောင် အနီးသို့ အရောက် အကြမ်းဖက်အဖွဲ့PDF များမှ လက်နက်ငယ်များဖြင့် ပစ်ခတ်ခဲ့သဖြင့် ဒေါ်ကေသီခိုင်တွင် နောက်ကျော၊ ခါး၊ ယာပေါင်ကျည်ဖောက်ဝင်ဒဏ်ရာများဖြင့် သေဆုံးသွဦးခဲ့ပြီး မောင်ထွန်းဝေလင်း မှာ ယာဒူးခေါင်းအောက် ကျည်ဖောက်ဝင်ဒဏ်ရာ(မစိုးရိမ်ရ) ဒဏ်ရာရရှိခဲ့ပြီး မြဝတီပြည်သူ့ဆေးရုံသို့ ပို့ဆောင်ပေးခဲ့ကြောင်း သိရှိရ။

-ဇူလိုင်လ ၂၄ ရက်နေ့ ၁၁၄၅ နာရီချိန်တွင် မုံရွာမြို့၊ စက်မှုဇုန်ရပ်ကွက်တွင် နေထိုင်သော ဦးသိန်းဇံ(၅၆) နှစ်ပိုင်ဆိုင်သည့် နေအိမ်ဝင်းအတွင်းရှိ Beer 34 ဆိုင်သို့ အကြမ်းဖက်သမား ၈ ဦးခန့်မှ လက်လုပ်သေနတ်များ ကိုင်ဆောင်ရောက်၇ှိလာပြီး ဦးသိန်းဇံ၏သမီးဖြစ်သူ အရောင်းစာရေး မသင်းသင်း(၁၇) နှစ် နှင့် ဆိုင်ဝန်ထမ်း(၅) ဦး ဆိုင်အတွင်းရှိ ဧည့်သည် ၁၆ ဦးခန့်တို့အား မှောက်ခိုင်းကာ ဆိုင်ဝန်ထမ်းများ၏ ဖုန်း ၅ လုံး၊ ကောင်တာရှိ ငွေကျပ် ၄ သိန်း ခန့်နှင့် ဧည့်သည်များထံမှ ဖုန်း ၁ လုံးနှင့် ပိုက်ဆံအိတ် ၂ လုံး တို့အား ယူဆောင်သွားခဲ့ကြောင်း သိရှိရ။