တောင်ကုတ်က ရွှေဆိုင် ဓားပြတိုက်သူ ၂ ဦးအနက် ၁ ဦးကို ဖမ်းမိ

ဇူလိုင် ၂၉ ရက်က ရခိုင်ပြည်နယ် တောင်ကုတ်က ရွှေဆိုင် ဓားပြတိုက်သူ ၂ ဦးအနက် ၁ ဦးကို ဖမ်းမိပြီလို့ ဒေသခံတွေရဲ့ ပြောကြားချက်အရ သိရပါတယ်။

တောင်ကုတ်မြို့ မြို့နယ်ခန်းမဘေးရှိ ရွှေပွင့်အိမ် ရွှေဆိုင်ကို လက်နက်ကိုင်ထားသည့် လူငယ်နှစ်ဦးက ဆိုင်ကယ်ဖြင့်လာပြီး ဓါးပြဝင်တိုက်မှု ဇူလိုင် ၂၇ ရက်နေ့က ဖြစ်ပွားခဲ့ တာ ဖြစ်ပြီးယင်းဖြစ်စဉ်မှာပါဝင်သူ တစ်ဦးကို ရွှေထည်ပစ္စည်းများနှင့်အတူ တောင်ကုတ် မြို့နယ်၊ လမူးမော်ရွာ၊ခွေးတောက်ချောင်းအနီးရှိ လယ်တဲတစ်လုံး အတွင်း ဖမ်းဆီးမိတာလို့ ဆိုပါတယ်။

ဖမ်းဆီးရမိသူမှာ ရခိုင်ပြည်နယ်မြေပုံမြို့နယ်၊ ကမ်းထောင်းကြီးမြို့ ဇာတိဖြစ်ပြီး အသက် ၃၂ နှစ်အရွယ်ရှိ ဦးထွန်းမောင်ဆိုသူဖြစ်ကာ ၎င်းသည် နေပြည်တော်တွင်နေထိုင်သူဖြစ် တယ်လို့လည်း သိရပါတယ်။