ပြင်သစ်ကြယ်ပွင့်ကွင်းလယ်လူ လက်စလေအူဂိုချူကိုခေါ်ယူလိုက်တဲ့ ချယ်လ်

ချယ်လ်ဆီးအသင်းသည် ယခုနွေရာသီအပြောင်းအရွှေ့ကာလ (၅)ဦးမြောက်ကစားသမားခေါ်ယူမှုအဖြစ် ပြင်သစ်ကလပ် ရန်းစ်အသင်း၏ ပြင်သစ်ကြယ်ပွင့်ကွင်းလယ်လူ လက်စလေအူဂိုချူ (၁၉ နှစ်)အား ပြောင်းရွှေ့ကြေးယူရို (၂၂)သန်းဖြင့်ခေါ်ယူရန်သဘောတူညီမှုရခဲ့ပြီဖြစ်ကြောင်း နာမည်ကျော်သတင်းထောက် ဖာဘရီဇီယိုရိုမာနိုကဖော်ပြခဲ့သည်။

ချယ်လ်ဆီးအသင်းသည် အူဂိုချူမတိုင်မီက အန်ကွန်ကူ၊ ဂျက်ဆန်၊ ဒီယေဂိုမိုရီယာနှင့် အန်ဂျလိုဂါဘရီယဲလ်တို့ (၄)ဦးကိုခေါ်ယူထားပြီး ပြောင်းရွှေ့ကြေးယူရိုသန်း (၁၀၀)နီးပါးအသုံးပြုထားပါတယ်။