“ထိုင်းမှာ MoU နဲ့လာတဲ့မြန်မာလုပ်သားတွေ အလုပ်ထုတ်ခံရမှု ဆက်တိုက်ဖြစ်ပေါ်နေပြီး ၄ ရက်အတွင်း တစ်ထောင်ကျော် အလုပ်ထုတ်ခံရဟုဆို”

ထိုင်းနိုင်ငံမှာ နှစ်နိုင်ငံသဘောတူစာချုပ်(MoU)နဲ့ လာရောက်အလုပ်လုပ်ကိုင်ကြတဲ့ မြန်မာရွှေ့ပြောင်းအလုပ်သမားတွေ ယခုရက်ပိုင်းအတွင်း အလုပ်ထုတ်ခံရမှု ဆက်တိုက်ဖြစ်ပေါ်နေပြီး အချိုစက်ရုံတွေမှာ ထောင်နဲ့ချီအလုပ်ထုတ်ပယ်တာတွေ ပြုလုပ်နေတယ်လို အလုပ်သမားသတင်းတွေ ဖော်ပြနေတဲ့ Migrant Times သတင်းဌာနက ရေးသားထားပါတယ်။

ပြီးခဲ့တဲ့ မတ်လ ၃၀ ရက်က မဟာချိုင့်မှာရှိတဲ့ Cal-Comp Electronics စက်ရုံကနေ မြန်မာရွှေ့ပြောင်း MoU လုပ်သား ၁,၀၆၀ ဦးကို လုပ်ငန်းခွင်လိုအပ်ချက်ကြောင့် လူလျှော့တယ်ဆိုတဲ့ အကြောင်းပြချက်နဲ့ အလုပ်ကထုတ်ပယ်ခဲ့တယ်လိုဆိုပါတယ်။

ထိုင်းနိုင်ငံကို MoU နဲ့ သွား‌ရောက်အလုပ်လုပ်ကိုင်နိုင်ဖိုအတွက် ၂၀၂၂ မေလမှာ ပြန်လည်ဖွင့်လှစ်ခဲ့တာဖြစ်ပြီး နှစ်နိုင်င်ငံ အေဂျင်စီတွေရဲ့ ဥပဒေမလိုက်နာမှု၊ စက်ရုံတွေဘက်က စာချုပ်ချိုးဖောက်မှုတွေနဲ့ တာဝန်ယူမှု တာဝန်ခံမှုမရှိတာတွေကြောင့် MoU နဲ့ ထိုင်းရောက်ပြီးမှ အလုပ်မရှိဘဲ အခက်အခဲမျိုးစုံကြုံတွေ့နေရသူတွေ သောင်းနဲ့ချီပြီးရှိနေတယ်လို့လည်း ယင်းသတင်းက ဖော်ပြထားပါတယ်။