မုံရွာမြို့၊ သီရိရတနာဈေးတွင် ပြည်သူ ၁ ဦးအား PDF များမှ သတ်ဖြတ်

ဒီဇင်ဘာလ ၂၅ ရက် နေ့လယ် ၁၁ နာရီခွဲခန့်တွင် မုံရွာမြို့၊ ဘုရားကြီးရပ်ကွက် သီရိရတနာဈေးတွင် ပြည်သူ
၁ ဦးဖြစ်သော ဦးအောင်ဇော်ဝင်းသည် အလုပ်လုပ်ကိုင်နေစဉ် PDF များသည် လက်လုပ်သေနတ်များကိုင်ဆောင်ကာ
ရောက်ရှိလာ၍ မေးမြန်းခြင်းမရှိဘဲ ရက်ရက်စက်စက် ပစ်ခတ်သတ်ဖြတ်သွားခဲ့ရာ သေနတ်ထိမှန် ဒဏ်ရာများဖြင့်
နေရာမှာပင် သေဆုံးသွားခဲ့ကြောင်း သိရှိရပါသည်။