မင်္ဂလာရှိသော မနက်ခင်းလေးပါရှင့်

မေတ္တာ စေတနာအမြဲရှိပါ

စေတနာမှန်မှန်ထားတာဟာ
အရိပ်ကောင်းတွေ ရှိနေတာပါပဲ ။

မေတ္တာမှန်မှန် ပို့နေတာဟာ
အအေးဓါတ်တွေ ပိုင်နေတာပါပဲ ။

ဘယ်သူ ဘယ်လောက်ပဲဆိုးဆိုး
သူ့အကျိုးနဲ့သူ သရုပ်ဆောင်ရမှာဖြစ်လို့
ကိုယ်ပဲစေတနာဆိုးမရှိအောင်နေပါ ။

ဘယ်သူတွေ မေတ္တာပျက်ပျက်ပေါ့
ကိုယ့်ဘက်က မပျက်အောင်
အတတ်နိုင်ဆုံး စောင့်ရှောက်ပါ ။

မိမိရဲ့ စေတနာကောင်းတွေကို
မိတ်ဆွေကောင်းလိုသဘောထားပြီး

မေတ္တာတရားကို အကာကွယ်ပြုကာ
မွေးမြူအသုံးချလို့ နေတတ်ပါစေ ။

စေတနာကောင်းတစ်လုံး
အပိုင်အမြဲသုံးပြီးတော့
မေတ္တာအအေးဓါတ်နဲ့နေတတ်ရင်

ကံတွေလည်း ကောင်းသလို
အအေးဓါတ်တွေနဲ့ ဘ၀တွေဟာ
ချမ်းသာလို့ အဆင်ပြေနေကြမှာပါ ။

🙏🙏🙏 သာရ ဂ ဝေ သီ🙏🙏🙏