မင်္ဂလာရှိသော မနက်ခင်းလေးပါရှင့်

သူ့နေရာမှာ ငါဆိုရင်

လူတိုင်းမှာ
အားနည်းချက်ဆိုတာ ရှိတယ်
မိမိမှာလည်း ရှိနေမှာပဲ
ဒါကြောင့်
သူတစ်ပါး အားနည်းချက်တွေကို
ထုတ်ဖော်ပြီး မပြောမိပါစေနဲ့

လူတိုင်းမှာ
အမှားဆိုတဲ့အရာနဲ့မကင်းကြပါဘူး
မိမိလည်း မှားခဲ့ဘူးတာ ရှိနေမှာပဲ
ဒါကြောင့်
သူတစ်ပါး အမှားတွေကို
အပြစ်ပြောပြီး မဝေဖန်မိပါစေနဲ့

လူတိုင်းမှာ
အဆင်မပြေမှုဆိုတာ ရှိနေတတ်တယ်
မိမိမှာလည်း အဆင်မပြောမှုတွေ ရှိခဲ့မှာပဲ
ဒါကြောင့်
သူတစ်ပါး အဆင်မပြေမှုကို
အခွင့်အရေးယူဖို့ မကြိုးစားမိပါစေနဲ့

လူတိုင်းမှာ
ကျရှုံးခြင်းတွေကို ကြုံဘူးကြတယ်
မိမိလည်း ကျရှုံးခြင်းတွေ ရှိခဲ့မှာပဲ
ဒါကြောင့်
သူတစ်ပါး ကျရှုံးခြင်းတွေကို
လှောင်ပြောင်ပြီး မကဲ့ရဲ့မိပါစေနဲ့

လူတိုင်းဟာ
ဘယ်သူမှ ပြီးပြည့်စုံနေကြတာမဟုတ်ပါဘူး

လူရယ်လို့ဖြစ်လာရင်
ဘယ်သူမှ ရှောင်လွဲလို့မရတဲ့အရာတွေပါ

သူတစ်ပါး ကြုံတွေ့ရသလို
မိမိလည်း ကြုံတွေ့ရတတ်ပါတယ်

သူတစ်ပါး ခံစားရသလို
မိမိလည်း ပြန်ခံစားရတတ်ပါတယ်

ဒါကြောင့်
သူတစ်ပါးကို
မပြောခင်မှာ သေချာစဉ်းစားပါ

သူတစ်ပါးကို
ပြောတော့မယ်ဆိုရင်
သူ့နေရာမှာ ငါဆိုရင်
ဘယ်လိုခံစားနေရမလဲ အရင်တွေးကြည့်ပါ။

🙏အရှင်ဇဝန (ရွှေကုန်းမြေ)🙏