မင်္ဂလာရှိသော နံနက်ခင်းလေးပါ

🌷ခရီးသွားဧည့်သည်🌷

လူသားတိုင်းဟာ ခရီးသွားဧည့်သည်
တွေချည်းပါ…

ခရီးသွားဧည့်သည်ဆိုတာ
တစ်နေရာမဟုတ် တစ်နေရာမှတွေ့ဆုံ
ကြမှာပဲ…

ပြီးရင် တစ်ချိန်မဟုတ် တစ်ချိန် ခွဲခွာ
သွားကြမှာပဲ. .

တွေ့ဆုံဖို့အတွက် လိုက်ရှာနေစရာ
မလိုပါဘူး

ခွဲခွာဖို့အတွက်လည်း လုပ်ယူနေစရာ
မလိုပါဘူး…

အချိန်တန်ရင်…. သူ့ အလိုလို နဲ့ သူ
တွေ့ကြ၊ ဆုံကြ၊ ခွဲခွာသွားကြရတာ
ပါပဲ..

ဒါကြောင့် …

တွေ့ဆုံခြင်း၊ ခွဲခွာခြင်းဆိုတာ မိမိနဲ့
မသက်ဆိုင်ပါဘူး

တွေ့ဆုံတဲ့ အခိုက်မှာ

သူ့အတွက်၊ကိုယ့်အတွက်အကျိုးရှိ
အောင် ဆောင်ရွက်ဖို့၊

အကုသိုလ်မဖြစ်အောင်နေထိုင်ကြဖို့

သစ္စာမေတ္တာနှင့်ဖြူစင်ရိုးသားမှုတွေ
ပေးပြီး

သဟဇာတ ဖြစ်အောင်ဆက်ဆံဖို့ကို
သာမိမိနဲ့သက်ဆိုင်နေတာပါ။

မိမိနဲ့သက်ဆိုင်တာ မိမိသိပါစေ..

မိမိနဲ့သက်ဆိုင်တာကို မိမိသိရင်

တွေ့ဆုံခြင်းဟာ အဓိပ္ပါယ်ရှိပါတယ်

ခွဲခွာခြင်းမှာလည်းဝမ်းနည်းနေစရာ
မလိုတော့ပါဘူး။