မြစ်ကြီးနား-ဗန်းမော်ကားလမ်းနားရှိ ကျေးရွာကို တပ်ကမီးရှို့တယ်လို့ RFA မှ သတင်းအတုရေး

ကချင်ပြည်နယ်၊ မိုးမောက်မြို့နယ် ဒေါ့ဖုန်းယန်မြို့ မြစ်ကြီးနား-ဗန်းမော် ကားလမ်းပေါ်က အိမ်ခြေနှစ်ဆယ်ကျော်ရှိတဲ့ ဒိန်ဂါရွာကို တပ်မတော်က အောက်တိုဘာလ ၁၅ ရက်နေ့မှာ ရွာလုံးကျွတ် မီးရှို့ဖျက်ဆီးခဲ့တယ်လို့ RFA မှ ရေးသားထားတာတွေ့ရှိခဲ့ပါတယ်။

ဖြစ်စဉ်အမှန်မှာ အောက်တိုဘာလ ၁၅ ရက်နေ့၌ ဒေါ့ဖုန်းယန်မြို့ မြစ်ကြီးနား-ဗန်းမော် ကားလမ်းအနီးရှိ ဒိန်ဂါရွာသည် ဒေသခံများနေထိုင်ခြင်မရှိသလို မီးရှို့ဖျက်ဆီးခံရခြင်းလည်း မရှိခဲ့ကြောင်း ဒေသတွင်းသတင်းများအရသိရှိခဲ့ရပါတယ်။ ဖြစ်စဉ်မရှိဘဲ RFA မှ လုံခြုံရေးတပ်ဖွဲ့ဝင်များကို အများပြည်သူများ မုန်းတီးစေရန် လုပ်ဇာတ်ဆင်ပြီး ရေးသားထားခြင်းသာဖြစ်ပါသည်။