ကျောက်ပန်းတောင်းမြို့ ပြည်သူများအား ကျန်းမာရေးစောင့်ရှောက်မှုများ ဆောင်ရွက်

ဆေးကုသမှုဆိုင်ရာရောဂါ ၂၂၀ ဦး၊ ခွဲစိတ်ရောဂါ ၅၆ ဦး၊ ကလေးရောဂါ ၂၂ ဦး၊ သားဖွားမီးယပ်ရောဂါ ၃၇ ဦး၊ အရိုးရောဂါ ၂၂၉ ဦး၊ နား၊ နှာခေါင်း၊ လည်ချောင်းရောဂါ ၅၀ ဦး၊ မျက်စိရောဂါ ၁၀၈ ဦး၊ သွားရောဂါ ၉၀ ဦးနှင့် အခြားရောဂါ ၉၉ ဦးတို့ကို လိုအပ်သည့် ဆေးဝါးကုသမှုများ ဆောင်ရွက်ပေးသည်။ ထို့ပြင် အထွေထွေ ခွဲစိတ်လူနာ ၅ ဦးနှင့် မျက်စိခွဲစိတ်လူနာ ၅ ဦးတို့ကို ခွဲစိတ်ကုသပေးခြင်းများနှင့် ဓာတ်မှန်ရိုက်လူနာ ၆၀ ဦး၊ Ultrasound ဖြင့် စမ်းသပ်စစ်ဆေးလူနာ ၆၉ ဦး၊ ECG စက်ဖြင့် နှလုံးစမ်းသပ်လူနာ ၆၉ ဦးနှင့် ဓာတ်ခွဲ စမ်းသပ်လူနာ ၄၆ ဦးတို့ကို ရွေ့လျားဓာတ်မှန်ရိုက်ယာဉ်နှင့် ရွေ့လျားဓာတ်ခွဲခန်းယာဉ် တို့ဖြင့် ရောဂါရှာဖွေစမ်းသပ်စစ်ဆေးပေးခြင်းများ ဆောင်ရွက်ပေးပြီး ဆေးရုံ တက်ရောက်ကုသရန် လိုအပ်သူ ၃၆ ဦးတို့ကို နီးစပ်ရာတပ်မတော်ဆေးရုံသို့ တက်ရောက်ကုသနိုင်ရေး စီစဉ်ဆောင်ရွက်ပေးသည်။