PDF အကြမ်းဖက်သမားများ သတ်ဖြတ်မှုကြောင့် အပြစ်မဲ့ ပြည်သူ ၈ ဦးသေဆုံး

တနင်္သာရီတိုင်းဒေသကြီး၊ ပုလောမြို့နယ်၌ PDF အမည်ခံ အကြမ်းဖက်သမားများက ရက်စက်စွာ ပစ်ခတ်သတ်ဖြတ်မှုကြောင့် အသက် ၁ နှစ်အရွယ် ကလေးငယ် ၁ ဦးအပါအဝင် အပြစ်မဲ့ ပြည်သူ အမျိုးသမီး ၂ ဦး၊ ကလေးငယ် ၅ ဦးတို့ သေဆုံးခဲ့သည်။

       တနင်္သာရီတိုင်းဒေသကြီး၊ ပုလောမြို့နယ်၊ ပလောက်မြို့၊ အရှေ့ကုန်းကျေးရွာနေ ကျောက်လုံးကြီးကျေးရွာအုပ်စု၏ အုပ်ချုပ် ရေးမှူးဖြစ်သူ ဦးမြင့်အောင်(၆၂)နှစ် (ဘ)ဦးလှမောင်သည် ၎င်း၏နေအိမ်၌ မိသားစုနှင့်အတူ အိပ်ပျော်နေစဉ် PDF အမည်ခံ အကြမ်းဖက်အဖွဲ့ အင်အား ၂၅ ဦးခန့်က နေအိမ်ရှေ့သို့ ဆိုင်ကယ် များဖြင့် ရောက်ရှိလာပြီး အိမ်အတွင်း ဝင်ရောက်လာကာ သေနတ်များဖြင့် အကြောင်းမဲ့ ဝိုင်းဝန်းပစ်ခတ်ခဲ့၍ ဦးမြင့်အောင်မှာ ဘေးလွတ်ရာသို့ ထွက်ပြေးတိမ်းရှောင်ခဲ့ရသည်။