ဒုတိယမြောက်ရင်သွေးလေးရနေတဲ့ သတင်းနဲ့ပရိသတ်တွေကို အံ့အားသင့်စေခဲ့တဲ့ အဆိုတော်ရီဟားနား

အဆိုတော် ရီဟားနားကတော့ မမျှော်လင့်ထားတဲ့ ထုတ်ဖော်အတည်ပြုမှုတွေနဲ့ သူမရဲ့ ပရိသတ် တွေကို အံ့အားသင့်စေခဲ့ပြန်ပါတယ်။ ဘာဘေးဒိုးစ် ဖွားအဆိုတော်ဟာ အရီဇိုးနား ပြည်နယ်၊ ဂလန် ဒေးက စတိတ်ဖန်း ကဇာတ်ရုံမှာ ပြီးခဲ့တဲ့ တနင်္ဂနွေနေ့က ပြုလုပ်တဲ့ Super Bowl ဖျော်ဖြေ ပွဲအ တွင်း ကမ္ဘာလုံးဆိုင်ရာသန်းနဲ့ချီတဲ့ ပရိသတ်တွေရဲ့ အရှေ့မှာ သူမရဲ့ ကြီးမားတဲ့တစ်ကျော့ပြန် ဂီတ ဖျော်ဖြေတင်ဆက်မှုကို ပြုလုပ်ခဲ့တယ်လို့ သိရပါတယ်။

အဲ့ဒီဖျော်ဖြေပွဲမှာ ရီဟားနားက တစ်ကိုယ်လုံးအနီရောင်နဲ့ ကိုယ်ကျပ်ဝတ်စုံကို ဝတ်ဆင်ထားလျက် ဆူထွက်နေတဲ့ ဝမ်းဗိုက်ပိုင်းအောက်ဘက်ကို ခါးပတ်နဲ့ စည်းကျပ်ထုပ်ထားတဲ့ ဖက်ရှင်ကို ဝတ် ဆင် ခဲ့ကာ အဆိုတော်ရဲ့ ကိုယ်ဝန်ဆောင်ဗိုက်ကလေးက အထင်းသားပေါ် လွင်နေကာ ပရိသတ်တွေ အာရုံစိုက်စေခဲ့ပါတယ်။