ထားဝယ်နည်းပညာတက္ကသိုလ်က ပညာရေးဝန်ထမ်းအချို့ကို PDF များက အတင်းအဓမ္မ ဖမ်းဆီး

နေပြည်တော်၊ ဖေဖော်ဝါရီလ ၂၈ ရက်။

တနင်္သါရီတိုင်း ၊ ထားဝယ်ခရိုင် ၊ ထားဝယ်မြိုမှာရှိတဲ့ ထားဝယ် နည်းပညာတက္ကသိုလ်မှာ တာဝန်ထမ်းဆောင်နေတဲ့ ဝန်ထမ်းအချို့ကို ဒေသတွင်း လက်နက်ကိုင် PDF အဖွဲ့တွေက ဖမ်းဆီးစစ်ဆေးနေကြောင်း ထားဝယ် ပညာရေးအသိုင်းအဝိုင်းဆီက သိရပါတယ်။

အဲ့ဒီ အကြောင်းနဲ့ ပတ်သက်ပြီး ဒေသခံတယောက်က ” ထားဝယ် နည်းပညာတက္ကသိုလ်ဆိုတာ မြိုနဲ့ ၇ မိုင်လောက်ဝေးတယ် ၊ ဒီမနက်ပိုင်းက အဲ့ဒီ နည်းပညာတက္ကသိုလ်ထဲကို ဒေသတွင်း လက်နက်ကိုင် PDF အဖွဲတွေဝင်ရောက်လာပြီး ပါမောက္ခချုပ် အပါအဝင် ဆရာ၊ ဆရာမ သုံးယောက်ထက်မနည်းကို ဖမ်းဆီးစစ်ဆေးနေတယ်” လို့ ပြောပါတယ်။

ကနဦးသတင်းများအရ PDF အမည်ခံအကြမ်းဖက်သမားများက ထားဝယ်နည်းပညာတက္ကသိုလ်ရှိ ဒုတိယပါမောက္ခချုပ်အပါအဝင် ၃ ဦးအား အတင်းအဓမ္မ ဖမ်းဆီးခေါ်ဆောင်သွားခဲ့သဖြင့် လုံခြုံရေးတပ်ဖွဲ့ဝင်များက ကယ်ဆယ်ရေးလုပ်ငန်းများ ဆောင်ရွက်လျက်ရှိကြောင်းသိရပါတယ်။