အဆင့်အတန်းရှိအောင်နေနည်း

လိုအင်ဆန္ဒနဲ့ လိုအပ်ချက်တွေ မပြည့်နိုင်ကြတဲ့ လူ့လောက ထဲမှာ ဖြစ်နိုင်မယ်ဆိုရင်တော့ ဘယ်သူမဆို အထက်တန်းကျကျ၊ မျက်နှာပန်းလှလှ ဘဝတွေကိုပဲ ရရှိပိုင်ဆိုင်ချင်ကြမှာပါ။

စားတဲ့သောက်တဲ့ နေရာမှာ အဆင့်မီမီ၊ အဝတ်အစား၊ အသုံးအဆောင်ဆိုရင်လည်း အဆင့်အတန်းမီမီ၊ လူမှုဆက်ဆံ ရေးပိုင်းမှာလည်း အဆင့်အတန်းရှိရှိ ..စတဲ့ အသံတွေနဲ့အတူ ‘အဆင့်အတန်း’ဆိုတဲ့စကားကို နေရာစုံ၊ နယ်ပယ်စုံမှာ ကြားရ တတ်တယ်။

‘အဆင့်အတန်း’စကားသံနဲ့အတူ ‘ဂုဏ်’၊ ‘သိက္ခာ’ လို့ဆိုတဲ့ စိတ်ပိုင်းဆိုင်ရာအရည်အသွေးတွေလည်း နောက်ဆက် တွဲအနေနဲ့ ကပ်ပါလာတတ်ပါတယ်။လူတစ်ယောက်ရဲ့ဂုဏ်သိက္ခာ၊ တန်ဖိုးထားမှု၊ စောင့်စည်းမှု တွေနဲ့အတူ လူ့အဆင့်အတန်းကို ကျွန်တော်တို့တွေ ဘယ်လို တိုင်းတာနေကြသလဲ၊ ဘယ်လိုတွေ တိုင်းတာခဲ့ကြလဲ။

မြန်မာအဘိဓာန်တစ်ခုထဲမှာတော့ ‘ဂုဏ်’ဆိုတာ ‘သက်ရှိ သက်မဲ့တို့၏ အရည်အချင်း အစွမ်းသတ္တိ’ဖြစ်ပြီး ‘သိက္ခာ’ဆိုတာ ‘အကျင့်သီလ၊ အကျင့်သီလရှိသောဂုဏ်’ဖြစ်ပါသတဲ့။ ‘အဆင့် အတန်း’ဆိုတဲ့စကားကိုတော့ ‘ပညာ၊ ဂုဏ်ရည် .. စသည် အနိမ့်အမြင့် အခြေအနေ’လို့ အဓိပ္ပာယ်ဖွင့်ဆိုထားတာ တွေ့ရ ပါတယ်။

တကယ်တော့ ကိုယ်ကျင့်တရားကသာ အဆင့်အတန်းကို သတ်မှတ်ပေးတာပါ။

ကိုယ်ကျင့်တရား မြတ်ရင် အဆင့်အတန်းမြင့်ပါတယ်။ Ethic reflect your Class ပေါ့။

အဆင့်အတန်းကို ငွေကြေးဂုဏ်ဒြပ်တွေနဲ့ တိုင်းတာကြတာက မှားပါတယ်။

ကိုယ်ကျင့်တရားကသာ အဲ့ဒီ့လူရဲ့ အဆင့်အတန်းပါ။ ကိုယ်ကျင့်တရား ယုတ်ညံ့နေသ၍ အဲ့လူဟာ သူတောင်းစားလောက်တောင် အဆင့်အတန်းမရှိပါဘူး။ အဆင့်အတန်းဆိုတာ လူကသတ်မှတ်ရတာပါပဲ။

အဆင့်အတန်းရှိတဲ့ လူတစ်ယောက်ဖြစ်အောင် ကျင့်ကြံနေထိုင်ကြပါစို့။