ရန်ကုန်တွင် ပေါ်တာဆွဲ‌နေသည်ဆိုခြင်းမှာ ကောလာဟလ သတင်းများသာဖြစ်

ရန်ကုန်မြို့ တွင် ပေါ်တာဆွဲနေသည်ဆိုဟု ယခုရက်ပိုင်းအတွင်း သတင်းထွက်ပေါ်နေသော်လည်း အဆိုပါသတင်းများမှာ ကောလာဟလ မဟုတ်မမှန် သတင်းများသာဖြစ်ကြောင်း ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့ မှ ပြောရေး ဆိုခွင့်ရှိသူ၏ ပြောကြားချက်ကို ကိုးကား၍ နိုင်ငံပိုင် သတင်းဌာနက ဖော်ပြထားသည်။့

လူမှုကွန်ရက် စာမျက်နှာများပေါ်၌ လူပျောက်ကြော်ငြာများခပ်စိတ်စိတ် ပျံ့နှံလာမှုကြောင့် ရန်ကုန်မြို့ တွင် ပေါ်တာဆွဲသည်ဟုဆိုကာ မြို့ နယ်အချို့ တွင် ညပိုင်းလမ်းမများအပေါ် လူအသွားအလာ ယခင်ကထက် နည်းပါးလာကြောင်း၊ ညမှောင်သည်နှင့် ယခင်ကကဲ့သို့ လူသိပ်မရှိတော့ကြောင်း၊ဈေးဆိုင်များလည်း စောစောသိမ်းလာကြောင်းနှင့် အလုပ်သမားများလည်း စောစောပြန်ကြကြောင်း စသည့် ကောလာဟလ မမှန်သတင်းများ ရေးသားထုတ်လွှင့်၍ အများပြည်သူကြောက်ရွံထိတ်လန့်စေရန် ဆောင်ရွက်လာသည်ဟု နိုင်ငံပိုင် သတင်းဌာနတွင် ဖော်ပြထားသည်။