“အကြမ်းဖက်ဖောက်ခွဲမှုတွေလုပ်ခဲ့တဲ့ အကြမ်းဖက်သမားများကို ထောင်ဒဏ်များ အသီးသီးချမှတ်”

ရန်ကုန်တိုင်းဒေသကြီးအတွင်းမှာ အကြမ်းဖက်ဖောက်ခွဲမှုတွေ (၇) ကြိမ်ထက်မနည်း လုပ်ခဲ့တဲ့ အကြမ်းဖက်သမား
၆ ဦးကို ဒီဇင်ဘာ ၂၇ ရက်တွင် အင်းစိန်အကျဥ်းထောင်ရှိ အထူးတရားရုံးက ပေါက်ကွဲစေတတ်သော ဝတ္ထုပစ္စည်းများ
အက်ဥပဒေ ပုဒ်မ ၅ အရ အလုပ်နှင့် ထောင် ၅ နှစ်နှင့် ပုဒ်မ ၃/၆ အရ အလုပ်နှင့်ထောင် ၇ နှစ် စုစုပေါင်း
၁၂ နှစ်စီ ချမှတ်လိုက်ကြောင်း သိရသည်။
၎င်းအကြမ်းဖက်သမားများကို ရန်ကုန်တိုင်း၊ ဗိုလ်တထောင်မြိုနယ်၊ ၆ ရပ်ကွက်၊ ၄၄ လမ်းရှိ တိုက်တစ်လုံးပေါ်၌
မူးယစ်ဆေးဝါးသုံးဆွဲပြီး အကြမ်းဖက်လုပ်ရပ်များ လုပ်ဆောင်ရန် စုဝေးနေစဥ် ၂၀၂၁ ခုနှစ်၊ သြဂုတ် ၁၀ ရက်တွင်
ဖမ်းမိခဲ့ခြင်းဖြစ်သည်။
ကြံရာပါ ဆက်စပ်တရားခံဖြစ်သည့် တက္ကစီယာဉ်မောင်းဖြစ်သူကိုလည်း ပုဒ်မ ၃/၆ ဖြင့် အလုပ်နှထောင် ၇ နှစ်
ချမှတ်ခံရကြောင်း သိရသည်။