ဖက်ဒရယ်နှင့် PR စနစ်

ဖက်ဒရယ်ဆိုတာ မတူကွဲပြားနေတဲ့ တိုင်းဒေသကြီးတွေ၊ ပြည်နယ်တွေ၊ လူမျိုးတွေ၊ လူမျိုးစုတွေကို စုစည်းလုပ်ကိုင်ရာမှာ လုပ်ကိုင်ခွင့်တွေကို ခွဲဝေကျင့်သုံးတဲ့ အယူအဆသဘောတရားဖြစ်ပြီး ပေါင်းစည်းနေထိုင်ခြင်း၊ မျှဝေခံစားခြင်းဖြစ်ပါတယ်။ တိုင်းရင်သားပါတီများ အပါအဝင် နိုင်ငံရေးပါတီများဟာ ၎င်းတို့ကိုထောက်ခံတဲ့ ပြည်သူလူထုကိုကိုယ်စားပြုတဲ့ သူတွေဖြစ်ပါတယ်။ ဒါကြောင့်မို့ မတူကွဲပြားတဲ့ ကိုယ်စားပြုမှုတွေရှိပြီး ပါတီတွေ၊ တိုင်းရင်းသား လူမျိုးစုတွေကို ကျယ်ကျယ်ပြန့်ပြန့်ကိုယ်စားပြုနိုင်ဖို့အတွက် အချိုးကျကိုယ်စားပြုစနစ် (PR) ကိုကျင့်သုံးရေးဆောင်ရွက်နေကြောင်း သိရှိရပါတယ်။