ဝင်ငွေအကောင်းဆုံး ကစားသမားအဖြစ် ရပ်တည်နေတဲ့ ရော်နယ်ဒို

အယ်လ်နာဆာအသင်းမှ ပေါ်တူဂီတိုက်စစ်မှူး စီရော်နယ်လ်ဒိုသည် ၂၀၂၃ ခုနှစ်၏ ဝင်ငွေအကောင်းဆုံးအားကစားသမားအဖြစ် ရပ်တည်ခဲ့ကြောင်း သိရသည်။

အားကစားစီးပွားရေးဝက်ဘ်ဆိုက်ဖြစ်သည့် Sportico က ၂၀၂၃ ခုနှစ်အတွက် ကမ္ဘာ့ဝင်ငွေအကောင်းဆုံး အားကစားသမား(၁၀၀) စာရင်းကို ထုတ်ပြန်ခဲ့ရာ စီရော်နယ်လ်ဒိုက ထိပ်ဆုံးတွင် ရပ်တည်နိုင်ခဲ့ခြင်းဖြစ်သည်။

စီရော်နယ်လ်ဒိုသည် ဆော်ဒီကလပ် အယ်လ်နာဆာအသင်းထံမှ တစ်နှစ်လစာ ပေါင်(၁၇၅)သန်းရရှိသည့်အပြင် အခြားစပွန်ဆာစာချုပ်များမှလည်း ပေါင်သန်း(၄၀)ကျော်ရရှိသည့်အတွက် တစ်နှစ်ဝင်ငွေ ပေါင်(၂၁၈)သန်းဖြင့် ထိပ်ဆုံးတွင် ရပ်တည်နိုင်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

ဒုတိယနေရာတွင် စပိန်ဂေါ့ဖ်ကစားသမား ဂျွန်ရမ်းက ပေါင်(၁၆၁)သန်းဖြင့် ရပ်တည်ခဲ့ပြီး အင်တာမိုင်ယာမီအသင်းမှ အာဂျင်တီးနားတိုက်စစ်မှူး မက်ဆီက ပေါင်(၁၀၃)သန်းဖြင့် တတိယနေရာတွင် ရပ်တည်ခဲ့သည်။

ထိပ်ဆုံး(၁၀)ဦးစာရင်းတွင် ဘောလုံးလောကမှ (၄)ဦးပါဝင်ခဲ့ပြီး ကျန်နှစ်ဦးမှာ တစ်နှစ်ဝင်ငွေ ပေါင်(၉၉.၂)သန်းဖြင့် အဆင့်(၅)နေရာတွင် ရပ်တည်ခဲ့သော ဘာပေနှင့် တစ်နှစ်ဝင်ငွေ ပေါင် (၉၆)သန်းဖြင့် အဆင့်(၆)နေရာတွင် ရပ်တည်ခဲ့သော နေမာတို့ဖြစ်သည်။

ပရီးမီးယားလိဂ်ဘောလုံးသမားများထဲတွင် ဟာလန်းက တစ်နှစ်ပေါင် သန်း(၅၀)ဖြင့် ဝင်ငွေအကောင်းဆုံးဖြစ်ခဲ့သည်။