မင်္ဂလာရှိသော မနက်ခင်းလေးပါရှင့်

ကောင်းဖို့ အတ္တကိုလျော့ကြပါ

အတ္တကို ရှေ့တန်းတင်မိရင်
ကိုယ့်အမှားကို မမြင်နိုင်တော့ဘူး ။

အမှားကိုမမြင်တော့ရင်
အကောင်းဖြစ်ဖို့ ဝေးလာပါတယ် ။

ပုထုဇဥ်လူသားတွေဟာ
ကိုယ့်နေရာအတ္တလေး မထိခိုက်ခံရဖို့
နည်းပေါင်းစုံနဲ့ တုန့်ပြန်တတ်ကြတယ် ။

ကိုယ်သိထားရမှာက
ပိုင်ဆိုင်မှုနဲ့ အခွင့်ထူးခံနေရာတွေဟာ
မျက်စိလေး မှိတ်သွားရုံးနဲ့
ဘာမှမပတ်သက်ကြတော့ဘူးဆိုတာပဲ ။

တမလွန်မှာ ကိုယ်ပိုင်အမွေဥစ္စာဖြစ်တဲ့
ရှင်သန်စဥ်ကာလတုန်းက
လုပ်ခဲ့တဲ့ကံတွေနဲ့ စာရင်းရှင်းရတော့မှာ ။

တစ်ဘ၀ ငတ်မှာကိုကြောက်တော့
အကြိမ်များစွာ ငတ်မှာကို
တရားအသိနဲ့ မဆင်ခြင်နိုင်တော့ဘူး ။

လတ်တလောဆင်းရဲမှာကိုစိုးတော့
သံသရာ ဆင်းရဲကို မမြင်တော့ဘူး ။

ကံကြွေးဆိုတာ ကိုယ်မေ့သွားလည်း
သူကတော့ အကျိုးပေးနေမှာမို့လို့

တတ်နိုင်သမျှ အမှားကင်းအောင်
သတိတရားနဲ့ နေကြဖို့လိုပါတယ် ။

🙏🙏🙏 သာရ ဂ ဝေ သီ🙏🙏🙏