အသက်(၄)နှစ်နဲ့ ကမ္ဘာ့အသက် အငယ်ဆုံးစာအုပ်ထုတ်ဝေသူဖြစ်လာခဲ့တဲ့ ကလေး

ယူအေအီးမှ Saeed Rashed AlMheiri အမည်ရှိ ကလေးငယ်တစ်ဦးသည် အသက်(၄)နှစ်နှင့် (၂၁၈)ရက်အရွယ်တွင် စာအုပ်ထုတ်ဝေနိုင်ခဲ့သည့် ကမ္ဘာ့အသက်အငယ်ဆုံးကလေးဖြစ်လာခဲ့ကြောင်းသိရသည်။

Saeed Rashed AlMheiri သည် ၎င်း၏ Elephant Saeed and the Bear စာအုပ်ကို ထုတ်ဝေစဥ်အချိန်တွင် အသက်(၄)နှစ်နှင့်(၂၁၈)ရက် အရွယ်သာရှိသေးကြောင်း ဂင်းနစ်စံချိန်မှတ်တမ်းတင်သည့် အဖွဲ့ကပြောကြားခဲ့သည်။ Saeed Rashed AlMheiri ၏ စာအုပ်ကို စာအုပ်ရေ(၁ဝဝဝ)ရောင်းချပြီးချိန်တွင် ဂင်းနစ်စံချိန်မှတ်တမ်းကို အတည်ပြုခဲ့ကြောင်း ဂင်းနစ်စံချိန်မှတ်တမ်းတင်သည့် အဖွဲ့ကပြောကြားခဲ့သည်။ ကြင်နာမှုနှင့် ခင်မင်ရင်းနှီးမှုအ ကြောင်း စာအုပ်ထုတ်ဝေထားသော Saeed Rashed AlMheiri က ယခုကဲ့သို့လုပ်ဆောင်ရန်အတွက် ၎င်း၏ညီမဖြစ်သူထံမှ လှုံ့ဆော်မှုကို ရရှိခဲ့ခြင်းဖြစ်ကြောင်းပြောကြားခဲ့သည်။

Saeed Rashed AlMheiri ၏အစ်မဖြစ်သူ AlDhabi သည် ဘာသာစကားနှစ်မျိုးစာအုပ် (အမျိုးသမီး) ထုတ်ဝေရန်နှင့် ဘာသာစကားနှစ်မျိုးစာအုပ်တွဲ (အမျိုးသမီး) ထုတ်ဝေရန် အသက်အငယ်ဆုံးလူအတွက် ဂင်းနစ်ကမ္ဘာ့စံချိန်မှတ်တမ်းကို ရရှိထားသူဖြစ်ကြောင်းသိရသည်။ Saeed Rashed AlMheiri က”ကျွန်တော့်အစ်မကို အရမ်းချစ်ပြီး သူနဲ့ တစ်ချိန်လုံးကစားနေရတာကို နှစ်သက်ပါတယ်။ ကျွန်တော်တို့ စာဖတ်တာ၊ ရေးတာ၊ ဆွဲတာနဲ့ လှုပ်ရှားတာတွေ အများကြီးလုပ်ကြပါတယ်၊၊ ကိုယ်ပိုင်စာအုပ်ရှိသင့်တယ်လို့ ခံစားမိတဲ့အတွက် ကျွန်တော့်စာအုပ်ကိုရေးခဲ့ပါတယ်”ဟုပြောဆိုခဲ့သည်။

Pika (NP News)